Uni*
(Baekhyun'pov)
"အကို...ကျတော့်ကို sojuတပုလင်းလောက်"
သိပ်ပြီးမသောက်တတ်သလို အရက်ဆိုင်တွေလဲမလာဖူးပေမဲ့ အခုတော့ အိမ်ကအမေဆူတာနဲ့ ရောက်ဖြစ်ခဲ့သည်
ဆိုင်က လမ်းဘေးဆိုင်မဟုတ်သလို အရမ်းခမ်းခမ်းနားနားကြီးလဲ မဟုတ်ပြန်
လုံလုံခြုံခြုံနွေးနွေးထွေးထွေးရှိပြီး ကောင်းကောင်းလေးfeelလို့ရတဲ့နေရာမျိုးဖြစ်သည်
(ဂွပ်)
Sojuပုလင်းကို ဆိုင်ရှင်အကိုက ကျတော့်ရှေ့လာချတဲ့အချိန်မှာပဲ
ဘေးဝိုင်းမှာတခွက်ပြီးတခွက် ရေသောက်သလိုမော့နေတဲ့ လူကြီးတယောက်ကိုတွေ့လိုက်ရသည်
ဘေးတိုက်မြင်ရသလောက်တော့..
သူ့ကြည့်ရတာ လူလတ်တန်းစားပုံဝတ်စားထားပြီး ဆံပင်ပုံစံကလဲကြည့်ကောင်းသည်မျက်နှာကိုပါတည့်တည့်ကြည့်ချင်လာတာမို့
"ဟိုအကို...တယောက်ထဲသောက်ရတာ အူကြောင်ကြောင်မနိုင်ဘူးလား...
ကျတော်လာထိုင်မယ်နော်"သူဘာမှမပြောနိုင်ခင် ကိုယ့်ပုလင်းနှင့်ဖန်ခွက်ကိုယူကာ သူ့စားပွဲစီရောက်သွားသည်
အခုမှ မျက်နှာကိုရှင်းရှင်းလင်းလင်းမြင်ရတော့ သူချောလိုက်တာ...
မျက်လုံးကဝိုင်းဝိုင်း
နှုတ်ခမ်းကနှင်းဆီဖူးလို ဖူးဖူးလေး"ကိုယ်က park chan yeolပါ"
အငမ်းကောင်းနေစဥ် မိတ်ဆက်လိုက်တာကြောင့် ကိုယ်လဲ လက်ဆန့်ထုတ်ကာ ပြန်မိတ်ဆက်ဖြစ်သည်
"Byun Baek Hyunပါ"
(ဂွပ်)
လက်ဆွဲနှုတ်ဆက်ပြီးတာနဲ့ မော့ပြန်တဲ့သူ့ကြောင့်ခေါင်းကုတ်နေမိတယ်
ကိုယ်ဆိုမှာပဲမှာရသေးတာ ပုလင်းအဖုံးတောင်မဖွင့်ရသေး
"ဘာစိတ်ညစ်စရာရှိလို့လဲ hyung"
အသက်ကတော့ကျတော့်ထက်နဲနဲကြီးမယ်ထင်တာမို့ hyungလို့ပဲရိုရိုသေသေခေါ်လိုက်သည်
Chanyeolလို့ခေါ်ချင်ပေမဲ့ မကြိုက်ရင် ဒုက္ခ
"Appaကြောင့်ပါ...
ကိုယ့်ကိုကြင်ဖက်အတင်းတွေ့ခိုင်းနေတယ်"
YOU ARE READING
D R U N K (Z & U) Completed
Fanfictionpresent fiction for my friend (Wainglay) Chanbaek(Bl) short story You can read both uni and zawgyi code. By Author Thurein Min Khant