<Unicode>
"Hyung¡"
ဖက်ထားလိုက်ချင်စိတ်ကိုကြိတ်မှိတ်မျိုသိပ်ပြီး ပြုံးရုံသာပြုံးကာ ခေါင်းညှိမ့်ပြလိုက်တော့ သူက ကျတော့်ရှေ့ကခုံတွင်ထိုင်သည်
"Sojuတပုလင်းလောက်.."
Hyungက တပုလင်းမှာလိုက်ပြီးရောက်လာတော့ ပုလင်းအဖုံးဖွင့်ကာ ခွက်ထဲလောင်းထည့်တာမြန်မြန်ဆန်ဆန်
အတူသောက်မှာလား
တယောက်ထဲသောက်မှာလားမသိ"ဒီတခါရော ဘာစိတ်ညစ်စရာရှိလို့ရောက်လာတာလဲ baekhyun"
တခွက်မော့ချပြီးမှ ကျတော့်ကိုမေးသည်
အဲ့မေးခွန်းကို ကျတော်မဖြေနိုင်ဘူးဘာလို့လဲ ဆိုတော့...အကြောင်းပြချက်က သူဖြစ်နေလို့လေ
သူ့ကိုတွေ့ဖို့ကျတော်ရောက်လာခဲ့တာ
သူ့ကိုလွမ်းလို့ရောက်လာခဲ့တာ"ဒီအတိုင်း....ပျင်းလို့
Hyungရော""မသောက်ရတာကြာလို့ လာခဲ့တာ"
Sojuကိုရေသောက်သလို မော့မော့ချနေတာ
လူသာမရှိရင်ပုလင်းလိုက်မော့ချင်နေသည့်ပုံမျိုးသူကအရက်သမားလား...
ပထမဆုံးတွေ့တုန်းကလဲ အဲ့လိုပဲဆက်တိုက်သောက်နေတာ
အခုတခါလဲ မှောက်ရင်တော့..."Hyung...အများကြီးမသောက်နဲ့"
နောက်တခါ ခွက်ထဲငှဲ့နေပြန်တာကြောင့် ကျတော် လက်ဆန့်ကာတားလိုက်တော့ ပုလင်းကိုချကာ ကြည့်လာသည့်အကြည့်က စူးရှစွာ
"Wae?...အိမ်ကိုခေါ်သွားရဦးမှာဆိုးလို့လား
Haha"ပါးချိုင့်တွေခွက်နေအောင်ပြုံးကာစနောက်ရယ်မောနေသည့်hyungက ဖြူဖြူစင်စင်..
ကျတော့်စိတ်တေွ မတည်ငြိမ်တော့ဘူး hyung..
အဲ့လိုတွေမပြုံးပါနဲ့...
"မဟုတ်ပါဘူး hyungကလဲ"
တကယ်လို့သာ အိမ်ခေါ်သွားရဦးမယ်ဆိုပိုတောင်ကောင်းသေး
အိပ်နေတဲ့hyungကို တညလုံးကြည့်ရတာလောက် ကြည်နူးဖို့ကောင်းတာမရှိဘူး...အဲ့လိုသာ နေ့တိုင်းဆို ဘယ်လောက်မိုက်မလဲ
"ဒီတပုလင်းပဲကုန်အောင်သောက်မယ်...okလား"
YOU ARE READING
D R U N K (Z & U) Completed
Fanficpresent fiction for my friend (Wainglay) Chanbaek(Bl) short story You can read both uni and zawgyi code. By Author Thurein Min Khant