<Unicode>
"ငါဘယ်ရောက်နေတာလဲ!"
အသံတခုကြောင့် ကြမ်းပြင်ပေါ်အိပ်နေရာက ကုတင်ပေါ်ကိုလှမ်းကြည့်လိုက်တယ်
သူနိုးနေပြီး ပတ်ဝန်းကျင်အသစ်ကို စူးစမ်းနေသလို အကြည့်တွေက ဟိုရောက်ဒီရောက်
"Hyung..မနေ့ညကမူးပြီးအိမ်မပြန်နိုင်လို့ ကျတော့်အိမ်ခေါ်ခဲ့လိုက်တာ"
"အာ...ညက"
မေ့နေတာကိုပြန်စဥ်းစားသလို ခေါင်းကိုကိုင်ပြီးမှ
ပြာပြာသလဲပြောသည်"အားနာလိုက်တာ...ကိုယ်ညကတော်တော်များသွားတယ်....ပြန်တော့မယ်နော်"
အပေါ်အကျီဆွဲယူကာ ကုတင်ပေါ်က ကုန်းရုန်းထနေတာကြောင့် မနည်းတားရသည်
"နေပါဦး ဒီတိုင်းကြီးမပြန်ပါနဲ့ မနက်စာစားသွားပါ"
မျက်နှာတောင်မသစ် မနက်စာတောင်မစားရပဲ ကိုယ့်အိမ်ကနေထွက်သွားရတယ်ဆိုရင်သိပ်မကောင်းလှ
အစထဲက အိမ်ခေါ်လာပြီဆိုမှတော့ ဒီလိုကြီးပြန်လွှတ်လို့မဖြစ်ဘူးလေ
တာဝန်တော့ကျေမှပေါ့
ညက သူအိပ်နေတာကိုတညလုံးထိုင်ကြည့်နေခဲ့တာ
မသိလို့တော်သေးတယ်"မဟုတ်တာ baekhyun si
ကိုယ့်ကြောင့် အလုပ်ရှုပ်ရတယ် ပြန်မယ်""ဟာ တကယ်ပါပဲ...မရဘူးလို့ဆိုနေ...စားပြီးမှပြန်"
ရန်တွေ့သလို ပြောလိုက်မှပဲ ခေါင်းတညှိမ့်ညှိမ့်လုပ်ကာ ငြိမ်ကျသွားသည်
ကျတော်လဲ မျက်နှာသစ် သွားတိုက်ကာ မီးဖိုချောင်ထဲဝင်ပြီး မနက်စာ ထမင်းကြော်ကြော်သည်
ကိုယ့်ဘာသာလုပ်စားနေကျမို့ ဒါတွေက ကျွမ်းနေပြီလေ
"Hyungရေ စားလို့ရပြီ"
Coffeeတခွက်ပါဖျော်ပေးကာ ခေါ်လိုက်တော့ စားပွဲရှေ့ရောက်လာသည်
ကျတော်ပြင်ထားတာတွေကြည့်ပြီးအူကြောင်ကြောင်လုပ်နေတာ
လူကိုဘာမှမလုပ်တတ်ဘူးလို့များတွေးထားသလားမသိ"ထိုင်လေ..hyung"
"အင်း အင်း"
ခပ်နွေးနွေးအရှိန်လေးရှိနေသည့် ထမင်းကြော်ကိုစားလိုက် ဘေးကcoffeeကိုသောက်လိုက် နှင့် hyungက စားတာတောင် styleကျကျစားတာများလား
YOU ARE READING
D R U N K (Z & U) Completed
Fanfictionpresent fiction for my friend (Wainglay) Chanbaek(Bl) short story You can read both uni and zawgyi code. By Author Thurein Min Khant