အပိုင်း ၁၄ (Z & U)

6.1K 547 22
                                    

Zawgyi

ထက်အောင်ကျော်လာမယ်ဆိုတော့ မီးဖိုခန်းထဲဝင်ပြီး ဒီကောင်ကြိုက်တတ်တာတွေ ချက်ဖို့်ပြင်ရသည်။သူ့သူဌေးကလည်း အသက်ရလာတော့ မြန်မာပြည်မှာပြန်ပြီးအခြေချတော့မယ်ထင်ပါရဲ့။ပြောနေသံတော့ကြားမိသတဲ့။ခုကတော့ ဟိုနဲ့ဒီကိုကူးကောင်းဆဲ။မကြာခဏဆိုတော့ ထက်အောင်ကျော်ကို ဟိုတယ်မတည်းခိုင်းတော့ပဲ အရိပ်တို့ဆီသာ လာနေဖို့ပင့်ထားရသည်။လာတုန်းလေခဏတွေ့ရတာမဟုတ်လား။

"ပါးပါး...ဘာတွေလုပ်''

ကျောင်းပိတ်ထားချိန်မို့ သမီးခမျာလည်း စာဖတ်လိုက်၊ရုပ်ရှင်ကြည့်လိုက်၊အရိပ်နား လာရှုပ်လိုက်ဖြင့်အချိန်ကုန်နေ၏။ခု ထက်အောင်ကျော်လာမယ်ဆိုတော့ အတော်ပါပဲ၊

"သမီးရဲ့ အန်ကယ်ကျော် လာမယ်တဲ့''

"ရေး...''

"အန်ကယ်ကျော် လာမှာ အဲ့လောက်တောင် ပျော်တယ်လား ပါးသမီးလေးက ''

သမီးက ထိုင်ခုံတစ်ခုဆွဲကာ အရိပ်နား လာကပ်ထိုင်လိုက်ရင်း.

"ပျော်တာပေါ့.. အန်ကယ်ကျော်လာရင် အစုံနားထောင်ရတယ်ဟာသလည်း သိပ်ပြောပြတတ်တာ''

"အဲ့ဒါတော့ အမှန်ပဲ သမီးရေ ပါးပါးလည်း သမီးအန်ကယ်ကျော်နဲ့ နေခဲ့တုန်းကဆို တစ်နေ့တစ်နေ့ ရယ်ရလွန်းလို့...''

"သားအဖတွေ ငါ့အတင်းပြောနေတယ်ပေါ့''

စကားပြောနေရင်း အနောက်ကရောက်လာသလို အရိပ်ရဲ့ ခေါင်းကို မနာအောင် ပုတ်လိုက်သေး၏။လာမယ်ဆိုဘယ်တော့မှအချိန်ကြိုမပြော။လာကြိုမှာစိုးသတဲ့လေ။တစ်လတစ်ခါလောက်ပြန်လာနေသည့်သူ့ကို အချိန်ကုန်ခံပြီး တကူးတကသွားကြိုမနေ။သမီးကတော့ သူ့အန်ကယ်ကျော်ကိုမြင်သည်နှင့်ဝမ်းသာအားရ ကြိုဆိုတော့၏။

"ဒီမှာ..သမီးလေးအတွက်''

"မင်းကွာ အခေါက်တိုင်း ဝယ်မလာပါနဲ့။တစ်ခါတလေ ပြန်လာရတာလည်း မဟုတ်။၁လခြားတစ်ခါလောက် ဖြစ်နေပြီကို''

"ဟုတ်ပါတယ် အန်ကယ်​ကျော်ရယ် သမီးအတွက် တကူးတက ဝယ်မနေပါနဲ့''

သမီးကပါ အလိုက်တသိ ငြင်းဆိုနေပေမဲ့ နားမရှိသည့်ကောင်ကတော့ သမီးလက်ထဲအထုပ်တွေထိုးထည့်ပေးပြီးလေပြီ။

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Where stories live. Discover now