အပိုင်း ၃၅ (Z & U)

7.4K 572 32
                                    

Zawgyi

မိုးရိပ်နဲ့အန်ကယ်ကျော် ဆေးရုံရောက်သွားချိန်မှာတော့ ပါးပါးကသတိရနေလေပြီ။ဆေးပိုက်တွေတန်းလန်းဖြင့်ပါးပါးကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လို့မဆုံး။ကံကြမ္မာက မျက်နှာသာမပေးခဲ့လျှင် ခုချိန်မှာ ပါးပါးကိုမိုးရိပ်မြင်ရတော့မည်မဟုတ်ချေ။

"ပါးပါး....''

မိုးရိပ္ကို မြင်တာနဲ့ ပါးပါးက လှဲနေရာကနေ ထထိုင်ဖို့ ကြိုးစားတာမို့ အပြေးပင်သွားကာ ထိန်းမပေးလိုက်သည်။

"သမီးလေး....ပြန်မလာတော့ဘူး ထင်နေတာ။ပါးပါးကို မုန်းသွားပြီလို့ ထင်နေတာ''

မိုးရိပ်ထက်ပင် မျက်ရည်လွယ်နေသော ပါးပါးကြောင့် မိုးရိပ်လည်း မျက်ရည်မဆည်နိုင်။ပါးပါးရင်ခွင်ထဲ အတင်းတိုးဝင်ပြီး ကျူကျူပါအောင်ကို ငိုမိလေတော့သည်။ပါးပါးကလည်း ဆေးပိုက်လွတ်နေတဲ့လက်လေးတစ်ဖက်နဲ့ တင်းနေအောင်ကို ပြန်ဖက်ထားရှာ၏။

"ပါးပါးကို လွမ်းနေတာ။သမီး...ပါးပါးကိုတွေ့ချင်နေတာ။ပါးပါးမကောင်းဘူး။သမီးစိတ်ကောက်နေတာ သိရဲ့နဲ့ လာမေခ်ာ့ဘူး။ပါးပါး...လူဆိုး.''

"ပါးပါးတောင်းပန်ပါတယ်..သမီးလေးရယ်...ပါးပါးမှားပါတယ်''

ပါးပါးရဲ့မျက်နှာလေးကို လက်နှစ်ဖက်နဲ့အုပ်မိုးကိုင်ပြီး မျက်ရည်တွေကို သုတ်ပေးတော့ မျက်လုံးတွေပိတ်သွားတဲ့အထိကို ပါးပါးကပြုံးပြနေလေသည်။ချောင်ကျသွားသော ပါးပါးမျက်နှာလေးကိုကြည့်ရင်း မိုးရိပ်ဝမ်းနည်းမဆုံးပေ။

"ပါးပါး...သမီးကို ခွင့်လွှတ်ပါနော်။သမီး မှားခဲ့တာတွေ အတွက် တောင်းပန်ပါတယ်နော်''

"သမီးမွ မမွားခဲ့တာ။ပါးပါးက မွားခဲ့တာပါ။သမီးကို ချစ်တဲ့အတ္တစိတ်ကြောင့် မမ နဲ့တွေ့ဖို့ကို တားဆီးခဲ့မိတာ။အေမ ဆိုတာကို ဖုံးကွယ်ထားမိတဲ့ ပါးပါးကမွ အပြစ်ရှိတာပါ.''

ပိန်သွယ်နေပြီး ဆေးပေါက်ရာတွေပြည့်နေသော ပါးပါးလက္ကေလးကို ဖွဖွလေးဆုပ်ကိုင်လိုက်ရင်း..

"ပါးပါး...သမီးရဲ့ အေမက မွေးကတည်းက ခုထိ ပါးပါးပါပဲ။ဒါက ဘယ်တော့မှ မပြောင်းလဲမဲ့ အမှန်တရားပါ။ကိုယ်တိုင် မမွေးထုတ်ပေးနိုင်တာကလွဲရင် ဘယ်နေရာမှာများ တခြားသော အမေတွေထက် ပါးပါး လျော့ကျနေလို့လဲ။သမီးအတွက် အကောင်းဆုံးသော အရာတွေကိုပဲ ပါးပါးပေးခဲ့တာ။ဘယ်သူရှေ့မှာပဲ ဖြစ်ဖြစ် ပါးပါးက သမီးအေမပါ အေဖပါဆိုတာကို သမီးရဲရဲ့ဝံ့ဝံ့ ပြောရဲပါတယ်။တစ်ခုပဲ...သွေးမတော်ဘူး ဆိုတဲ့စကားတော့ သမီးရှေ့ ထပ်မပြောပါနဲ့တော့နော်။ဟင့်အင်း.. မဟုတ်ဘူး။ဘယ်သူ့ကိုမှ သမီးက ပါးပါးသမီး မဟုတ္ဘူးဆိုတာကို မပြောပါနဲ့တော့နော်။သမီးအပေါ်ထားတဲ့ ပါးပါးရဲ့ မေတ္တာကလေ သမီးရဲ့ ဘယ်သွေးသားရင်းခြာနဲ့ မဆို ယှဉ်ပြိုင်ရင်တောင် အပြတ်အသတ်နိုင်မှာပါ...ပါးပါးရယ်''

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Wo Geschichten leben. Entdecke jetzt