အပိုင်း ၁၉(Z & U)

5.8K 543 29
                                    

Zawgyi

ဖိုးအေ ဖြစ်သူက ပြည်ပ ရုံးခွဲမှာ သွားဦးစီးပါလို့ အခါခါ ပြောတာတောင် မလှုပ်တဲ့ တည်တံ့လိုလူဆီက ပြည်ပထွက်တော့မည်ဆိုသော စကားကို ကြားရတာ ယုံပင် မယုံချင်။လုပ်လက်စ အလုပ်တွေကို ဘေးချပြီး ဆိုဖာပေါ် ခြေပစ်လက်ပစ် ထိုင်နေသည့် တည်တံ့အနား ပြေးထိုင်မိရင်း နောက်တစ်ကြိမ်ထပ်မေးမိသည်အထိ။

"မင်း...ဘာပြောလိုက်တာတည်တံ့''

"ငါ..အမေရိကားသွားတော့မယ်လို့ပြောတာ''

ထပ်ပြီး ပြောတာတောင် မယုံချင်။

"ပေါက်ကရတွေကွာ...ဘာလဲ...မင်း...မိုးအရိပ်ရောင်နောက် လိုက်သွားမို့ ဥာဏ်ဆင်နေတာလား''

"တော်စမ်းပါကွာ....ငါ့ဘာငါ ဟိုက အလုပ်တွေ လေ့လာချင်လို့ သြားမွာ''

"ဖြစ်နိုင်တာလည်း ပြောပါ...မင်းလောက်ဒီနိုင်ငံက မခွာနိုင်တာ မင်းပဲ ရှိတယ်။ခုမှရုတ်တရက် ဘာထဖြစ်ရတာလဲ။ထွက်ပြေးချင်တဲ့ သေဘာလား''

ထိုင်နေရာကနေ ဝုန်းခနဲ ထရပ်ပြီး နံရံကို လက်သီးဖြင့် ထိုးလိုက်သော တည်တံ့အမူအရာကြောင့် အာကာပါ အလိုလိုမတ်တက်ရပ်မိသွား၏။

"ဟာ...ဟေ့ကောင်...ဘာလုပ်တာလဲ ငါကစတာပါ''

"ဟုတ်တယ်..ဟုတ်တယ်....ငါ...ငါ.....ထွက်ပြေးတာ။သူနဲ့အတူ ရှိခဲ့ဖူးတဲ့ ဒီမြေပေါ်မှာ တစ်ရက်မပြောနဲ့ တစ်စက္ကန့်တောင် ငါမနေချင်တော့လို့။ကြာရင် ငါတကယ်ရူးသွားလိမ့်မယ်။နေရာတိုင်း သူ့ကိုပဲ မြင်နေတဲ့ မျက်လုံးတွေကိုလည်း ငါထိုးဖောက်ချင်နေပြီ''

"ညှိကြည့်ကြပါဦးကွာ''

"သူက..ခု နောက်တစ်ယောက်နဲ့ ချိတ်နေပြီကွ။ငါမလိုတော့ဘူး။သူ့အတွက် ငါမလိုတော့ဘူး''

"ပေါက်ကရတွေ မင်းက ဘယ်လိုသိလဲ''

"ဒီနားနဲ့ ဆက်ဆက်ကြားခဲ့တာကွ၊ဒီခြေထောက်တွေက မနေနိုင်မထိုင်နိုင် သွားမိရာက ကြားလာခဲ့တာ''

ငိုနေတာ မဟုတ်ဘဲနဲ့ ကျဆင်းနေသည့် မျက်ရည်များကြောင့် အာကာ တကယ်ပင် လန့်သွားမိသည်။

"ဟာ...မငိုနဲ့လေတည်တံ့ရာ။မင်းကလည်း။ဟုတ်ပြီ..မင်းတကယ်ကို သွားချင်တယ်ဆိုရင် ငါစီစဉ်ပေးမယ်။ဒါပေမဲ့ တစ်ခုတော့ ကတိပေး။ဟိုမှာ အပြီးမနေရဘူး ။မင်းတစ်ယောက်တည်းမို့ ငါကစိတ်လည်းမချဘူး''

ချစ်ခြင်းအသင်္ချေ (ချစ်ခြင်းအသချေၤ)Tempat cerita menjadi hidup. Temukan sekarang