"My Sad Love" (unicode)

1.7K 106 34
                                    

" ကောင်းကောင်းတောင်းနေတုန်းပေးစမ်းပါ
ကလေးလေးရာ ... အသားနာမှအသိတရားရ
မှာလား...ဟင်? "

ပါးကိုခပ်ဆတ်ဆတ်ပုတ်ပြီးအံကြိတ်သံဖြင့်
ပြောလာသည့်ထိုလူရဲ့ပါးစပ်ထဲကဝါးချေခြင်း
ခံထားရတဲ့ပီကေနံ့ဟာထောင်းခနဲ။

ထွက်ပြေးချင်ပေမယ့်လေးဘက်လေးလံလုံး
ကိုသူ့လူတွေဖြင့်ပိတ်ထားခြင်းခံရသည်။
လက်ထဲကကျစ်နေအောင်ဖက်ထားတဲ့ကျော
ပိုးအိတ်ကလေးထဲမှာသူတို့လိုချင်တဲ့ငွေပမာဏ
ကလုံလုံလောက်လောက်ရှိတာသူတို့သိသည်။

တွင်းထွက်ကျောက်မျက်ရတနာလုပ်ငန်းစုကြီးရဲ့
တစ်ဦးတည်းသောအမွေဆက်ခံမယ့်မြေးလေး။
သခင်လေးတစ်ဦးဖြစ်သော်လည်းငယ်ငယ်ထဲက
အေးဆေးစွာနေတက်သူမို့သူမှာအပါင်းအသင်း
ရယ်လို့မရှိ။ အနိုင်ကျင့်ခံရတိုင်းခေါင်းငုံ့ငြိမ်ခံ
တက်သည့်အကျင့်ကကိုကိုကြီးမွေးမြူပေးထား
သည်မို့သူ့မှာအငုံစိတ်ကလေးရှိနေခဲ့သည်။

သူကြောက်သည်။ သို့သော်ပြန်မလုပ်ရဲ၊ပြန်မပြော
ရဲ။ ဒီအတိုင်းသာငြိမ်ခံရင်းသူ့ရဲ့တစ်နေတာဟာ
သာမန်ဆန်စွာကုန်ဆုံးရမည်။ သို့သော်သူရောက်
မလာခင်အထိကျွန်တော်ဟာလူတိုင်းရဲ့နှိပ်စက်
ခံလေးဖြစ်ခဲ့သည်။

" မင်းတို့နယ်မြေကျူးကျော်လာပြီလို့မထင်
ဘူးလား? "

အထက်တန်းကျောင်းသားလေးsehunက
အခြားလူများထက်လူကောင်ညှပ်သည်။
ထို့ကြောင့်ရုတ်တရက်ထွက်ပေါ်လာတဲ့ခပ်
သြသြအသံပိ်ုင်ရှင်ကိုမြင်ချင်တာမို့သူ့ကိုဝိုင်း
အုံထားသည့်ကြားကခြေဖျားလေးထောက်လို့
မျှော်ငေးကြည့်လိုက်သည်။

်မီးတောက်တစ်ခုလိုနီရဲနေသည့်ဆံပင်တွေကို
sehunအရင်မြင်လိုက်ရသည်။ ဘေးနှစ်ဖက်
ကိုအပြောင်ရိတ်ထားပြီးအလယ်ကဆံပင်အနီ
ရောင်တွေကိုနောက်သို့လှန်တင်ထားသည်။
နားမှာဝတ်ရသည့်နားကွင်းသေးသေးလေးက
ထိုလူလိုမျိုးမျက်ခုံးမှာရောဝတ်လို့ရသည်လား
sehunသေချာမသိ။ sehunသိသည်က
ထိုလူဟာအင်မတန်ချောလွန်းသည်ဆိုတာ
ပါပဲ။

" အာ ... chanyeol ငါကမင်းမရှိဘူးထင်
လို့ဒီမှာလှုပ်ရှားကြည့်တာပါကွာ ... မင်းရှိနေတဲ့
နယ်မြေကိုငါတို့လာရဲပါ့မလားကွ ... ဟဟ "

" My Sad Love " {Completed}Tempat cerita menjadi hidup. Temukan sekarang