Zawgyi
စာတွေကခက်တယ် ....
ကိုကိုက ပိုခက်တယ် .....ကိုကို့ကို ရီပေါ်တကယ် နားမလည်ဘူး .....
ကိုကိုက တခါဖတ်ဖူးတဲ့ Anatomy စာအုပ်ထဲက nerve ကြောတွေအကြောင်းထက် ပိုရှုပ်ထွေးတယ် ....ဖြည်လေဖြည်လေ မပြေနိုင်တဲ့ နားကြပ်ကြိုးထုံးလိုပဲ ....
ကိုကို့ကို ရီပေါ် တုံးတယ်ထင်ထားပေမဲ့ ကိုကိုက ရှစ်စပ်ကဂျင် မွှတ်နေအောင်လည်တဲ့ဂျင် ....
ကတုံးပေါ်ထိပ်ကွက်မဲ့ လူကြီး .....ကလေးက ရှေ့မျက်နှာနောက်ထားပြီး ကြိုးကြိုးစားစား ဖွင့်ပြောရတာကို အဖြေပြန်မပေးဘူး ....
ကလေးကို ကြိုးရှည်ရှည်နဲ့တော့ မလှန်ဘူး ....
ရီပေါ်လေးကြိုက်တဲ့ မာလာဟော့ပေါ့နဲ့ လှန် .... အဲလေ မျှားထားတာ ...." ကိုကို !!! ကျွန်တော့်ကို ချစ်လားလို့ "
" မင်းငါ့ကို ချစ်တယ် မပြောခင်တုန်းကရော ငါဟော့ပေါ့လိုက်ကျွေးသလား "
ရီပေါ် မျက်လုံးလေးတွေထောင့်ကပ်ပြီး တွေခနဲ စဉ်းစားတယ် !
" ကျွေးတယ် "
" ရေခဲမုန့်ရော ကျွေးသလား "
" ကျွေးတယ် "
ရီပေါ်စားချင်တာမှန်သမျှ ကိုကိုက ဝယ်ကျွေးပြီးသားပဲ !
" မင်း ဘာလိုချင်ချင် ငါဝယ်ပေးသလား "
" အွန်း ! ဝယ် ... ပေး ရယ် ... ယေ "
အသားဖက်တွေ ပလုပ်ပလောင်းနဲ့ ရီပေါ်ပြန်ဖြေတယ် !
ကိုကိုက ဖျတ်ခနဲ ရီပေါ့်နှုတ်ခမ်းထောင့်မှာ ဝေ့နေတဲ့ ဆီတွေကို လက်မနဲ့ ဖိသုတ်ပေးတယ် !
ပြီး တစ်ရှူးနဲ့ တခါ လက်ပြန်သုတ်တယ် !တခါတည်း တစ်ရှူးနဲ့ သုတ်ပေးလိုက်လို့မရဘူးလား ???
ရီပေါ်လေး နားမလည် ...." သွားချင်တာရှိရင် ငါလိုက်ပို့ပေးလား "
ရီပေါ်လေးက ပြောတိုင်းယုံတဲ့ ပုတ်သင်ညိုလေးဖြစ်သွားတယ် !
ခေါင်းလေးကို တဆတ်ဆတ်ငြိမ့်လို့ !" အဲ့ဒါဆို ပြီးတာပဲပေါ့ ! စားစရာရှိတာစား ! အသားတပွဲထပ်ယူဦးမလား "
![](https://img.wattpad.com/cover/216221819-288-k663288.jpg)