❣️❣️

10.1K 1.1K 43
                                    

Zawgyi

" ခု ဖြတ် "

" ...... "

" ဝမ်ရီပေါ် !!! "

ကိုယ်လုံးလေး တုန်တက်သွားပေမဲ့ သောက်ကလေးက ခေါင်းမာနေတုန်းပဲ !

" လူက လက်တောက်လောက်လေးနဲ့ ရည်းစားထားရအောင် မင်းက ဘာလဲ !! ဖြတ် ... "

" ဖြတ်ခိုင်းတိုင်း ဖြတ်စရာလား ?? ပြီး ကျွန်တော့် အသက် ဆယ့်ခွန်ထဲ ဝင်ပြီ !! ကလေးမဟုတ်တော့ဘူး ! "

ဂျစ်ကန်ကန်လုပ်တတ်တဲ့ ဆယ်ကျော်သက်အရွယ်ဆိုတာ နားလည်ပေမဲ့ ရည်းစားထားတာကြီးတော့ ခွင့်မပြုနိုင်ပါဘူး !
ဝမ်ရီပေါ်က ရှောင်းကျန့်အတွက်တော့ ဘယ်တော့မှ သူငယ်နာစင်လာမှာမဟုတ်ဘူး !

" ကလေးမဟုတ်တာနဲ့ ရည်းစားထားစရာလား ! မင်း ခေါင်းမပါဘူးလား !! ရှေ့လထဲပဲ စာမေးပွဲကြီး ဖြေရတော့မယ် ! ဒီလိုရှုပ်ရှုပ်ယှက်ယှက်တွေ လုပ်ရမှကို ဖြစ်မှာလား "

" ကျွန်တော်က ခုဘာလုပ်နေလို့လဲ ! ကောင်မလေးရှိတာ အပြစ်လား !! ပြီး ကျွန်တော် စာမလုပ်ဘဲ အလေလိုက်နေလား ! စာက စာ ... သပ်သပ်စီပဲ "

" အော် အဲ့ဒါနဲ့ ကိုးကျင်းကိုးကျောင်းလျှောက်သွားပြီး ဒိတ်လုပ်နေတယ်ပေါ့ "

" ရည်းစားနဲ့ ချိန်းတာ ကော်ဖီဆိုင်မထိုင်လို့ ကျွန်တော်က ဟိုတယ်သွားရမှာလား "

" ဝမ်ရီပေါ် "

" အ ..... ကိုကို !!!!!! "

ဇတ်ပိုးတော့ ကျိုးပြီထင်ပါတယ် !!!
နာလိုက်တာ သေမလိုပဲ !!!

" မင်း ယောကျာ်းစကားပြောစမ်း !! ဒါ ပြောရမဲ့စကားလား မပြောသင့်တာလား !! မင်းကို မင်းအမေ ဦးနှောက်ထည့်မွေးပေးလိုက်တယ်မလား "

" ကိုကို ... ကျွန် ..ကျွန်တော့်ကို ရိုက်တယ် ??? "

" ရိုက်တယ် ! စကားနဲ့ ဆုံးမ မရရင် လက်ပါသင့်ပါရမှာပဲ "

ဒေါသတွေ အတော်ထိန်းထားရတယ် !
ဖြစ်နိုင်ရင် ရှေ့က သောက်ကလေးကို အမှုန့်ကြိတ် လုံးပစ်ပြီး မျိုချချင်နေတာ !!

ကောင်မလေးနဲ့ အီစီကလီရိုက်နေတယ်ကြားပြီး ဒေါသက ငယ်ထိပ်တက်ဆောင့်နေရတဲ့အထဲ .....
တချိန်လုံး ဖြူဖြူစင်စင် ကလေးလေးလို မြင်လာခဲ့တဲ့ ဝမ်ရီပေါ် ပါးစပ်က ဟိုတယ်ဆိုပြီး ထွက်ချလာချိန်မှာ ဘယ်လိုမှ စိတ်မထိန်းနိုင်တော့ဘဲ ဇတ်ပိုးအုပ်ထည့်လိုက်မိတာပဲ !!

Oops !Where stories live. Discover now