❣️❣️❣️
13.6K 1.4K 53
Zawgyi
" ရီပေါ် !! မင်း  ယွဲ့ယွဲ့နဲ့ ပြတ်သွားပြီဆို "
" အင်း "
" ဟေ့ကောင် ! မင်း ရှေ့တပတ်ကမှ အဖြေရထားတာလေ !! "
" အဲ့တော့ ဘာဖြစ်လဲကွာ "
" ဘာဖြစ်လဲ လုပ်မနေနဲ့ !! ယွဲ့ယွဲ့က ငိုယိုလို့ !! "
ရီပေါ် ခေါင်းကုတ်မိတယ် !!
ပါးကျိုးအောင် ဆော်ပလော်တီးခံရမလား  မျှော်လင့်ထားပေမဲ့  ပြတ်ချင်လို့လဲ ပြောလိုက်ရော  ယွဲ့ယွဲ့က  ငိုကြီးချက်မနဲ့ ထွက်သွားတော့တာပဲ !!!
" ငါပြီးရင် သူ့ကို သေချာတောင်းပန်မှာပါကွာ !! "
" ဟေ့ကောင်ကြီး !! မင်း  ဒီတသက် မိန်းမရောယူဦးမှာလား !! မင်းကြည့်ရတာ မိန်းကလေး အလာဂျီရှိနေတဲ့အတိုင်းပဲ !! ခုရော ဘာလို့ဖြတ်ပစ်တာလဲ !!! ယွဲ့ယွဲ့ထက် ပိုကြိုက်တဲ့သူရှိလို့လား "
အင်း !!!  ရှိတယ် !!!
ကလေး ကလေးဆိုပြီး  လူကို လာလာနှိမ်နေတဲ့ အကိုကြီး !!!
ခွီး !! ပြောရင်း  လူသတ်ချင်လာပြီ !!
မကောင်းတဲ့ ကိုကို  !!!! ဂါးးးးး  !!!
" ဟမ် !! ဟေ့ကောင် ! ဘာလို့ ဖြတ်လိုက်တာလဲ ! နောက်တယောက်ကရော အမိုက်စားလေးပဲလား "
" မဟုတ်တရုတ်တွေ မပြောစမ်းနဲ့ ကျန့်ယီ "
" အာ့ဆို  ဘာကိစ္စဖြတ်ပစ်တာတုန်းဟ !! "
" ကိုကိုက မကြိုက်လို့ကွာ !! ရှင်းပလား !! သောက်ရမ်း စပ်စုတဲ့အကောင်  ချီးပဲ !!! "
ရီပေါ် စိတ်ပေါက်ပေါက်နဲ့ အော်ထုတ်ပစ်ခဲ့တယ် !!
စိတ်ကမှ မကြည်ရတဲ့ထဲ !!!
ပြီး  ဘောလုံးကွင်းထဲ သွားထိုင်နေလိုက်တယ် !
နားအေးတာပဲ !
ဟဲ့ ဝမ်ရီပေါ်ကလေ ...
ယွဲ့ယွဲ့က ငြင်းခံလိုက်ရတာတဲ့ ...
ဘလာဘလာ  အသံတွေနဲ့ ဝေးရာပေါ့ !
သူများသားသမီးကို  မျက်ရည်ကျအောင်လုပ်ခဲ့လို့လား မသိဘူး !
ကိုကိုက အရမ်းဆိုးတာပဲ !!
လာလဲမချော့ဘူး !!
ကလေးကမှားတာရှိရင်  ဆုံးမပေါ့ !
ပြီး လာချော့ပေါ့ !
Oops !Where stories live. Discover now