အပိုင်း ၅

1.3K 240 8
                                    

ဟန်ကျင်းပေါင် နိုးလာတော့ ယောင်္ကျားတစ်ယောက်ရဲ့မျက်နှာကို အရင်ဆုံးမြင်လိုက်ရတာမို့ ပါးစပ်က အဆဲအာမေဋိတ် ထွက်မလိုဖြစ်သွားတယ်။ သူ တံတွေးမြိုချပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်တယ်။

သူက အခု မှောင်မိုက်တဲ့အခန်းတစ်ခုထဲရောက်နေတယ်။ အိပ်ခန်းကျယ်ထဲမှာ သူနဲ့ထိုသူရှိနေတဲ့ ကုတင်တစ်လုံးနဲ့ ကုတင်ဘေးက အံဆွဲတွေပါတဲ့ စားပွဲလေးတစ်ခုသာရှိတယ်။ ရှင်းလင်းနေပေမယ့် သပ်ရပ်ရမယ့်အစား ဘာကိုမှန်းမသိ ခြောက်ခြားချင်စရာကောင်းနေတယ်။ ပြတင်းတွေက ပိတ်ထားပြီး လိုက်ကာ အနက်တွေနဲ့ ထပ်ကာထားတော့ စားပွဲပေါ်က မီးမှိန်မှိန်သာမရှိရင် သူ အတော်လန့်မိလောက်တယ်။

" ဒါ ကိုယ် ယာယီနေတဲ့အိမ်။ နောက်မှ မင်းကို ကိုယ့်အိမ်ခေါ်သွားမယ်"

ထိုအခါမှ အိပ်မက်လိုလို တကယ်လိုလိုဖြစ်ခဲ့တာတွေကိုဟန်ကျင်းပေါင် သတိရလာတော့တယ်။

OH MY!!!!! အဲ့ဒါတကယ်ပေါ့

သူ့ရှေ့ကလူက လမ်းကူးမယ့်ကောင်လေးပဲ...

ဒါဆို သူနမ်း OH!!!

သူ အမူအယာမျိုးစုံဖြစ်နေသမျှကို ထိုသူက ပြုံးပြီး ကြည့်နေတယ်။

အကြည့်တွေက သူ့ကိုအသည်းယားပြီး တစ်ခါထဲ မြိုချပစ်ချင်နေသလိုထင်ရတယ်၊ သူ့ကို ကင်စားရမလား၊ ပြုတ်စားရမလား ... ဆိုပြီး တွေးနေပုံပေါက်တော့ သူ ချွေးပျံလာတယ်။

မနေ့က ကိုယ့်ရုပ်၇ည်ကိုယ် သဘောတွေကျပြီး လျှိုကန်မှာတာကိုမေ့ပြီး အပြင်ထွက်မိခဲ့တာ သေတာပဲ။

ဘယ်လိုလုပ်မလဲ ငါနမ်းလိုက်မိလို့ ငါ့ကိုကြိုက်သွားပြီလား ဖြစ်တော့မဖြစ်နိုင်ပါဘူး ဒီလူက တောင့်တောင့်ဖြောင့်ဖြောင့်ကြီးကို....

ဒါဆိုဘာဖြစ်လို့ ငါ့ကိုသူ့အိမ်ခေါ်လာတာလဲ ... ယာယီနေတာလို့လည်းပြောတယ် ဘာလဲသူက ဒီမြို့က မဟုတ်ဘူးလား....

၀ါး..... ဒီမြို့က မဟုတ်ရင်တော့ လျှော့မရှိဘူး.... အချိန်တန်အိမ်ပြန်ရင် ငါပြန်လွတ်မှာပါ.. လောလောဆယ်တော့ ကြည့်နေရတာပေါ့ အခန်းအခြေအနေအရ ဆိုက်ကိုကောင်ဖြစ်နေမှာပဲ ကြောက်ရတယ်။

神奇的吻 (Magical Kiss)ARC Onde histórias criam vida. Descubra agora