အပိုင်း ၁၇

502 84 14
                                    

မတည်မငြိမ်ဖြစ်နေတဲ့ စွမ်းအင်လှိုင်းတွေက ရုတ်ချည်း ငြိမ်ကျသွားတော့တယ်။

ဟန်အိမ်တော်ကို ထူးခြားတဲ့ စွမ်းအင်တွေက ၀န်းရံလာခဲ့ပြီး ပြင်ပမှ ဘယ်လိုစွမ်းအင်မှ မ၀င်ရောက်နိုင်အောင် တားဆီးလိုက်တယ်။ သာမန်မျက်စိနဲ့ကြည့်တဲ့အခါ ဘာမှမမြင်ရနိုင်ပေမယ့် ဒီဝန်းကျင်ပိုင်နက်တွင်တော့ ဘယ်လိုသက်ရှိလူသားကမှ စွမ်းအားတွေ ထုတ်သုံးလို့မရနိုင်တော့လေဘူး။ နယ်မြေပိုင်၇ှင် ဟန်ကျင်းပေါင်နဲ့ လျှိုကန်ကတော့ ချွင်းချက်ဖြစ်လေတယ်။

အိမ်ရဲ့ ပြိုကျတော့မယ့်ဟန်ကလည်း ဟန်ကျင်းပေါင်ရဲ့ အတွေးတစ်ချက်နဲ့တင် ပြန်တည်ငြိမ်သွားခဲ့တယ်။ အစိမ်းရောင်စီးကြောင်းက စိုးရိမ်ပူပန်နေတဲ့ အောက်ထပ်၇ှိမိဘတွေရဲ့ ခေါင်းထဲ ၀င်ရောက်သွားခဲ့တယ်။ ဒီလိုနဲ့ ဒီထူးဆန်းတဲ့အဖြစ်တွေကို သူ့ရဲ့သာမန်မိဘတွေက မေ့လျော့သွားကာ အိပ်ပျော်သွားတော့တယ်။

ထိုအခါ ဟန်အိမ်တော်ကို ရောက်၇ှိလာတော့မယ့် နိုင်ငံတွင်းက အမွေခံစွမ်းအားရှင်တွေခမျာ လမ်းစပြတ်လို့သွားတော့တယ်။ သူတို့ခမျာ ဘယ်ဆီကို ဆက်သွားရမယ်ပင် မသိကြလေတော့ဘူး။
ဒီလိုနဲ့ သတင်းကိုသာ နားစွင့်ဖို့ ဆုံးဖြတ်လိုက်ကြရတော့တယ်။

ဒါ့အပြင် ကမ္ဘာပေါ်ရှိအခြားသောနိုင်ငံတွေကတော့ ပိုလို့သာအခြေအနေဆိုးလေတယ်။ သူတို့ခမျာ လေဟာနယ်ကိုဖြတ်သန်းနေတုန်း လမ်းစပြတ်သွားတာဖြစ်လို့ ပြုတ်မကျရုံတမယ် ကြောင်သွားကြသေးတယ်။

ကမ္ဘာပေါ်ဝင်ရောက်လာခဲ့တဲ့ ထူးခြားတဲ့လောကမှ သက်၇ှိတို့ဟာလည်း ဦးတည်ရာမဲ့ကုန်ကြတယ်။ ထိုထဲမှ နတ်ဆေးသမားတော်မျိုးနွယ်ကတော့ အခြေအနေအကောင်းဆုံးလို့ ဆိုရပေမယ်။ သူတို့က ဟန်ကျင်းပေါင်ကို တစ်ကြိမ်တွေ့ဖူးကြတာမို့ သူ့ရဲ့စွမ်းအားကို အာရုံခံမိတာနဲ့ ဒါက သူ့ဆီကမှန်း သိလိုက်ကြတယ်။ သူတို့တွေ ၀မ်းသာအားရ ခရီးဆက်ကြတော့တယ်။

နတ်ဆေးသမားတော်တွေက အမှားမပြုသင့်သူတွေမို့ အခြားသူတွေက မလိုက်ရဲကြလေဘူး။ နတ်ဆေးသမားတော်တွေ ဒေါသထွက်သွားခဲ့ရင် သူတို့ရဲ့ကျင့်ကြံခြင်းလမ်းကြောင်းက ဒုက္ခတွေ့သွားနိုင်လေတယ်။

神奇的吻 (Magical Kiss)ARC Donde viven las historias. Descúbrelo ahora