ရှာင်ကျန့် ရှောင်ကျန့်
မင်းစာမေးပွဲအောင်တယ်ကွ
D4လုံးပါတယ်"အော်ခေါ်ကာဝမ်းသာနေသောအသံနဲ့အတူ
အိမ်ပေါ်တက်လာသောစစ်ကျွေးတစ်ယောက်
မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်
ပြောစရာစကားလုံးများပင်မရှိတော့လောက်အောင်ဆွံ့အသွားသည်
"ေ
"ရှောင်ကျန့် အန်တီကဘယ်လိုဖြစ်တာလဲကွ"ရှောင်ကျန့်တစ်ယောက်ပြန်ဖြေဖို့အားအင်ပင်
ကုန်ခမ်းနေပြီ"........"
"ဟျောင့်ဖြေအုံးလေကွာ"
ရှောင်ကျန့်မျက်ရည်များတွင်တွင်စီးကျနေရာမှ
အားယူကာ"မား..မား..မနေ့..က..အသည်းအသန်ဖြစ်တယ်
ငါ..ငါကဆေးခန်းသွားမယ်ဆိုတော့လည်း
မသွားဘူးတဲ့ကွာ..သူ့မှာရှိတဲ့ဆေးပဲသောက်မယ်တဲ့..
ငါလည်းအရင်လိုခနဖြစ်တာ..မနက်ကောင်းသွားမှာပဲဆိုပြီး.
ပေါ့ဆခဲ့မိတာ..ဒါပေမယ့်..ဒါပေမယ့်ကွာ
မနက်နိုးလို့ကြည့်လိုက်တော့..မားအသက်မရှိတော့ဘူး"မျက်ရည်လည်ချွဲဖစ်နေသောသူ၏သူငယ်ချင်းအား
ကြည့်ကာ
စစ်ကျွေးတစ်ယောက်ဘယ်လိုစကားလုံးမျိုးဖြင့်
နှစ်သိမ့်ရမည်မှန်းမသိတော့ပါ
သူ၏သူငယ်ချင်းလေးရှောင်ကျန့်ကအမေတစ်ခုသားတစ်ခုနဲ့ ဘဝကိုရုန်းကန်ခဲ့ရတယ် အဖေကရှောင်ကျန့်ငယ်စဉ်ကပင် အရက်ဒဏ်ပိကာဆုံးပါးခဲ့တယ်
အမေရှိသေးတယ်ဆိုတဲ့စိတ်နဲ့ဘဝကိုကြိုးစားပြီး
၁၀တန်းစာမေးပွဲကိုဖြေခဲ့တာ ခုဆိုရင်သူစာမေးပွဲအောင်ပြီ
ဒါပေမယ့်သူ့မားကတော့ သူစာမေးပွဲအောင်တာတောင်မသိလိုက်ရပဲ နှုတ်ဆက်သွားရှာတယ်
ရှောင်ကျန့်ရာ ငါမင်းကိုဘယ်လိုအင်အားမျိုးနဲ့နှစ်သိမ့်ပေးရပါ့
စစ်ကျွေးကတော့သူ့သူငယ်ချင်းအား
ဖက်ကာတွေးနေမိသည်ရှောင်ကျန့်မားရဲ့ဈာပနာပြီးနောက်
"ရှောင်ကျန့်ခုမင်းဘာဆက်လုပ်မလဲ"