နိုးထလာသောနှလုံးသား
Ep-12"ဝေ"
"ဝေ ရှောင်ကျန့်သူငယ်ချင်းစစ်ကျွေးဆိုတာလား"
"ဟုတ်ပါတယ်ဗျ ဘယ်သူလဲမသိဘူး"
"ဝမ်ရိပေါ်ပါ"
ဝမ်ရိပေါ်ဆိုသောအမည်ကြောင့်
စစ်ကျွေးအနည်းငယ်ဆွံ့အသွားသည်ငါ့ဆီဘာလို့များဖုန်းဆက်တာပါလိမ့်
ညနေကဝရုန်းသုန်းကားဖြစ်သွားတာကရော
မေးရင်ကောင်းမလားပဲစစ်ကျွေးတွေးနေစဉ်မှာပင်
တစ်ဖက်မှရိပေါ်ကစကားဆက်ပြောသည်"ကိုယ်မေးစရာရှိလို့ ရှောင်ကျန့်အကြောင်း
ညီလေးအမှန်တိုင်းဖြေပေးပါနော်"ရိပေါ်ဘက်မှတောင်းဆိုသလိုပြောလာသည်မို့
စစ်ကျွေး"ဟုတ်"တစ်လုံးသာပြန်ပြောလိုက်သည်သည်တော့မှရိပေါ်ကဆက်ကာ
"ရှောင်ကျန့်မှာချစ်ရတဲ့သူရှိနေတာလား"
စစ်ကျွေး"ဟုတ်"တစ်လုံးသာပြန်ဖြေသည်
မှန်နေတာပဲကိုရှောင်ကျန့်ချစ်ရတဲ့သူကရိပေါ်ဆိုတဲ့
ခင်ဗျားပဲလေ စစ်ကျွေးစိတ်ထဲမှာသာပြောလိုက်ခြင်းရိပေါ်မှာတော့ခေါင်းတစ်ခုလုံးပူထူသွားသည်
ရှောင်ကျန့်မှာချစ်ရတဲ့သူရှိသည်တဲ့လား"ဒါ..ဒါဆို ညနေကတွေ့လိုက်တဲ့ကောင်..မ..လေး..လား"
ရိပေါ်အနည်းငယ်အားပြတ်သွားသလို
ငါဘာဖြစ်နေတာလဲ သူ့ဟာသူရှိရှိ မရှိရှိပေါ့"ဗျာ..ညနေကကောင်မလေးဆိုတာ
ရှောင်ကျန့်နဲ့စကားပြောနေတဲ့ကောင်မလေးကိုပြောတာလား""ဟုတ်တယ်လေ "
"ဟာဗျာ ဘယ်ကသူ့ကောင်မလေးကမှာလဲ
ကျတော့်ကောင်မလေးဗျ""ဟင်"
ရိပေါ်သွေးပျက်မတတ်ထိတ်လန့်သွားသည်
မဟုတ်ဘူးတဲ့လား ဒါဆို ငါ..ငါ အမှားကြီးတစ်ခု
ကျူးလွန်လိုက်တာပဲ
![](https://img.wattpad.com/cover/216617570-288-k425923.jpg)