နိုးထလာသောနှလုံးသား
Ep-3ရှောင်ကျန့်တစ်ယောက်ရေချိုးပြီးလို့
တဘက်ဖြင့်ရေများသုတ်နေရင်း
ကားသံကြားသဖြင့်အခန်းထဲမှထွက်ကာ
အိမ်ပေါက်တွင်စောင့်နေလိုက်သည်ဟော ဆင်းလာပါပြီသူ့ရဲ့ဇီဇာကြောင်လှပါတယ်ဆိုတဲ့သူဌေး
ရှောင်ကျန့် ကားပေါ်မှရေးကြီးသုတ်ပြာဆင်းလာသော
ရိပေါ်အားကြောင်ကြည့်နေမိသည်ဟင် သူဌေးကငယ်သေးတာပဲငါ့ထက်တော့အသက်
ကြီးမယ့်ပုံပဲ
wowချောလိုက်တာ ဒီသူဌေးကဇီဇာကြောင်တယ်လို့ပြောရင် ဘယ်သူကယုံမှာလဲနှာခေါင်းလုံးလုံးလေးနဲ့
နှုတ်ခမ်းလေးကစိုရဲရဲလေး ဖြူနုနေတဲ့အသားအရည်
တောင့်တင်းတဲ့ခန္ဓာကိုယ်နဲ့
ပြစ်ချက်ရှာမရအောင်perfectဖြစ်လွန်းလိုက်တာဗျာဝမ်ရိပေါ်မှာတော့သူ့ကိုငေးကြည့်နေသောအရှုပ်ထုပ်အား
ကြည့်ကာမျက်လုံးအပြူးသား"ဟေ့ကောင် မင်းဒီပုံစံနဲ့အပြင်ထွက်လာတာလား
မင်းပုံမင်းလည်းပြန်ကြည့်အုံး"ဝမ်ရိပေါ်၏စကားကြောင့်ရှောင်ကျန့်သူ့ကိုယ်သူပြန်ကြည့်
လိုက်တော့ ဟာဟုတ်သား ကားသံကြားလို့ရေသုတ်ရင်း
ထွက်လာတာဘာမှဝတ်မလာရဘူး
အောက်ပိုင်းလေးကိုသာတဘက်နှင့်ပတ်ထားသည်မဟုတ်လား"Sorryပါသူဌေး ကျတော်ကားသံကြားတာနဲ့ပြေးထွက်..."
"ထားတော့သွားအင်္ကျီသွားဝတ် ပြီးရင်ဧည့်ခန်းကိုလာခဲ့"
"ဟုတ် ဟုတ်"
ပြောကာရှောင်ကျန့်အခန်းလေးထဲပြေးဝင်သွားသည်
ရှောင်ကျန့်အခန်းသည်အောက်ထပ်လှေကားဘေးကအခန်း
ဖြစ်သည်ရိပေါ် ပြေးသွားသောရှောင်ကျန့်အားကြည့်လိုက်
ဘေးကဝမ်နင်အားကြည့်လိုက်နှင့်
ခေါင်းသာတွင်တွင်ခါနေတော့သည်"ဟို..ဟိုလေငါပြန်တော့မယ်"
"မပြန်နဲ့အုံး မင်းခေါ်လာတဲ့အရှုပ်ထုပ်ကိုဗျူးရအုံးမယ်"