နိုးထလာ​သောနှလုံးသား(Ep-6)

7.6K 553 3
                                    

နိုးထလာ​သောနှလုံးသား
Ep-6

"သားကျန့်​ လက်​ကဘာဖြစ်​တာလဲ"

ဟင်းချက်​​နေရင်းမှပတ်​တီးစီးထား​သော
ရှောင်​ကျန့်​လက်ညှိုးကိုမြင်​၍
အန်​တီလု​မေးလိုက်​ခြင်းဖြစ်​သည်

"မနက်​ကသူ​ဌေး​လေးအတွက်​ထမင်းဂျိုင့်​ထည့်​​ပေးဖို့
ချက်​ပြုတ်​ရင်းဓားထိမိတာအန်​တီလု​ရေ"

"ဟင်​ ဝမ်​​လေးက​ရောယူသွားလား"

"ဟုတ်​ယူသွားတယ်​​လေ ဘာဖြစ်​လို့လဲအန်​တီလု"

"ဘာမှ​တော့မဖြစ်​ပါဘူးကွယ်​ ဝမ်​​လေးကအဲ့လိုယူ​နေကျ
မဟုတ်​​တော့​မေးကြည့်​တာ"

"ဒါဆိုခုလိုထုတ်​​ပေးတာကျ​တော်​ကပထမဆုံး​ပေါ့"

"အင်း ပထမဆုံးပဲ ​အော်​သားကျန့်
ဝမ်​​လေးကိုသူ​ဌေးလို့​ခေါ်မ​နေပါနဲ့ကွယ်
အကို​လေးလို့ပဲ​ခေါ်​ပေါ့"

"ဖြစ်​ပါ့မလားအန်​တီလုရဲ့"

"ဘာမဖြစ်​စရာရှိမှာလဲကွယ်​"

"ဟုတ်​ကဲ့အန်​တီလု ​နောက်​တစ်​ခါ
အကို​လေးလို့ပဲ​ခေါ်ပါ့မယ်​ အန်​တီလု​ခေါ်ခိုင်းတာ​နော်
ငေါက်​ရင်အန်​တီလုနာမည်​​ပြောလိုက်​မှာ"

"ဟားဟား​ ဟုတ်​ပါပြီကျန့်​ကျန့်​ရယ်
အန်​တီလု​ခေါ်ခိုင်းတာလို့သာ​ပြောလိုက်​"

"ဟီးဟီး"

ရှောင်​ကျန့်​သ​ဘောကျစွာရယ်​​တော့
အန်​တီလုကကြည့်​ပြီးပြုံး​နေသည်

ဒီ​ကောင်​​လေးကတကယ့်​က​လေး​လေးပဲ

~~~~~~~~~~~~~~~~~~~~~~~~

"ဝမ်​နင်​ ​ဈေးဝယ်​စန်​တာခနဝင်​မယ်
ရှေ့မှာကားရပ်​"

"အင်း မင်းဝယ်​စရာရှိလို့လား"

"ဟိုငရှုပ်​​လေးအတွက်​ဖုန်းဝယ်​မလို့"

"ဒါများကွာ ငါ့ကိုဝယ်​ခိုင်းလဲရ​နေတာကို
အရင်​​ကောင်​​လေး​တွေတုန်းကလည်းငါပဲဝယ်​​ပေး​နေကျကို"

ရိ​ပေါ်ဘာမှပြန်​​ပြောမ​နေပဲကား​ပေါ်မှဆင်းကာ
စန်​တာထဲဝင်​ရင်းဖုန်းများအားကြည့်​ပြီး​နောက်
အနီ​ရောင်​ဖုန်း​လေးအား​ရွေးကာ ကာဗာကိုလည်း
အနီ​ရောင်​သာဝယ်​တပ်​​ပေးလိုက်​သည်
ငရှုပ်​​လေးကဘယ်​အ​ရောင်​ကြိုက်​မှန်းမသိတာမို့
ရိ​ပေါ်ကြိုက်​တဲ့အနီ​ရောင်​သာဝယ်​ခဲ့ခြင်းဖြစ်​သည်

နိုးထလာ​သောနှလုံးသား(Completed)Where stories live. Discover now