အဆက်မပြတ်ရွာချနေတဲ့ မိုးရေစက်တွေ ကြမ်းတမ်းစွာခြိမ်နေတဲ့ မိုးခြိမ်သံတွေ မှောင်မဲနေတဲ့ပတ်ဝန်းကျင်ကိုတောင် လက်လက်သွားစေတဲ့ လျှပ်စီးကြောင်းတွေကို စံအိမ်ကြီးထဲက အသက် ၂၀ ရွယ် မိန်းမငယ်လေးတစ်ဦးက အရွယ်နဲ့မလိုက် ခက်ထန်မာကြောနေတဲ့ မျက်နှာနဲ့ ခပ်ပြင်းပြင်းဝီစကီတစ်ခွက်ကို အဖော်ပြုရင် အသက်မဲ့စွာငေးကြည့်နေတော့သည်။
ခနကြာတော့......သူမအနားကို အသက်ခပ်လတ်လတ် လူကြ်ီးတစ်ယောက် ရောက်လာပြီး.......
" သခင်မငယ်လေး jen.... ဦးလေး တို့ သခင်မငယ်လေး ခိုင်းထားတဲ့ကိစ္စကို အပြီးသတ်ခဲ့ပါပြီး "
ထိုလူကြီးရဲ စကားသံအဆုံးမှာ တဖြည်းဖြည်းလှည့်လာတဲ့ မိန်းမငယ်လေး.....
" အားလုံး အဆင်ပြေခဲ့လား "
" ဟုတ်....သခင်မငယ်လေး.. ဉ်ီးလေးတို့အားလုံး အစစအရာရာ အဆင်ပြေခဲ့တယ့်...ဘာသဲလွန်စမှမကျန်အောင်လဲ လက်စသတ်ခဲ့တယ့် "
" ကောင်းတယ့်...ဘယ့်မှာလဲ jen ခေါ်ခိုင်းလိုက်တဲ့ ကလေး "
သူမ စကားမဆုံးမှာတော့ သူမအရှေ့ရောက်လာတဲ့ ၂နှစ်သားရွယ်ကလေးမလေးတစ်ဦး ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ မြင်သူတိုင်းမချစ်ရမနေနိုင်အောင်ကို ချစ်စရာကောင်းလှတယ့်။ ဒါပေမယ့် အဲဒီလူတွေထဲမှာ သခင်မငယ်လေး jen တော့ မပါခဲ့ဘူး ဘာအပြစ်မှမရှိတဲ့ အဲကလေးမလေးကို ခက်ထန်စွာကြည့်နေတဲ့ သခင်မလေး jen ရဲ မျက်နှာထားက အလွန်မှကြက်သီးထဖို့ကောင်းလှတယ့်။
" ဦးလေး တို့ အဲ ကလေးလေးကို ဘာဆက်လုပ်ရမှာလဲ သခင်မငယ်လေး "
" လောလောဆယ်တော့ ဦးလေး မိန်းမ ကိုပဲ ဒီကလေးမလေး ကို ချော့သိပ်ခိုင်းလိုက်ပါ...... နောက်နေ့မှပဲ ဆက်လုပ်ရမဲ့ကိစ္စတွေကို jen အမိန့်ထပ်ပေးမယ့် "
" ဟုတ်ကဲ့ပါ....သခင်မငယ်လေး "
" ဒါနဲ့ အဲကလေး နာမည်က ဘာလဲ "
" lalisa monaban တဲ့....သခင်မငယ်လေး "
( jen ခပ်ရေးရေးပြုံးလိုက်ပြီး... )
" ရပြီး....ခေါ်သွားတော့ "
ကလေးမလေးကတော့ မိဘတွေကိုမတွေ့လိုထင်တယ့် ငိုထားလိုက်တာများ မျက်လုံးနှစ်လုံးလဲ နီရဲနေတာပဲ မျက်ရည်ဝိုင်းလေးတွေနဲ့ jen ကို ခနခနလှည့်ကြည့်နေတာလေးက သနားစရာကောင်းလှပေမဲ့... jen နည်းနည်းလေမှ မသနားခဲ့ပါ....အသည်းမာတယ့်လိုပဲဆိုရမှာပေါ့။ အားလုံးထွက်သွားတော့မှ jenလဲ ရှည်လျားပြီး သက်သောင့်သက်သာရှိတဲ့ ခုံပေါ်မှာ ကျကျနန ဝင်ထိုင်လိုက်ပြီး မဲ့ပြုံးပြုံးလိုက်တယ့်။ စိတ်ထဲကနေလဲ.....
#(အခုလောက်ဆို Mino ဆိုတဲ့ လူယုတ်မာကြီး ဘလောက်တောင် ပြာယာခတ်နေလိုက်မလဲမသိဘူး ..အခုက အစပဲရှိသေးတယ့် နောက်ထပ် ဒီထက်မကဆိုးရွားတာတွေ ရောက်လာအုန်းမှာလို ခံယူဖို့သာပြင်ထားလိုက်တော့.....ခင်ဗျာကြီးရဲ ချစ်လှပါပြီးဆိုတဲ့ တစ်ဦးတည်းသောသမီးလေးက အခု ကျမလက်ထဲရောက်လာပြီး...စောင့်ကြည့်နေပါ Mino ခင်ဗျာသမီးကို ကျကျနန ပညာပေးပြီးမှ ခင်ဗျာလက်ထဲပြန်ထည့်ပေးမယ့်....အခုတော့ သောကမီးတွေ ယူလိုက်အုန်းပေါ့) #
နည်းနည်းတော့ ကြမ်းမယ့်နော် ........😁
ဒီ fic လေးကိုလဲ ဝေဖန်ပေးကြပါအုန်းဗျ။
အားလုံးကို ချစ်တယ့်။
💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙