နောက်တနေ့ရောက်တော့ jen ထင်ထားတဲ့အတိုင်း Mino တစ်ယောက် ချစ်ရတဲ့ သမီးလေးပျောက်သွားလို ယူကျုံးမရပြာယာတွေခတ်နေတယ့်ဆိုတာကို jen လွှတ်ထားတဲ့ လူတချို့ဆီကနေ ကြားခဲ့ရတယ့်။
Mino ရဲ ပုံစံကို jen အရမ်းကိုတွေ့ချင်လို တိတ်တဆိတ် သွားရောက်ပြီးအတည်ပြုခဲ့တယ့်။
( jen သိပ်ပျော်တာပဲ အရမ်းလဲကျေနပ်တယ့် Mino တို့မိသားစု အခုလို ရှင်ကွဲကွဲပြီး ပူဆွေးသောကရောက်နေကြတာကို မြင်ရတော့... ဒါက အစပဲရှိသေးတယ့် jen တုန်ကဆို ဒီထက်မက ဆိုးရွားခဲ့တာ....သူတို့်က ရှင်ကွဲပဲကွဲကြတာပါ...jen တို့မှာကတော့ သေကွဲကွဲခဲ့ရတာ...ပြန်တွေးတိုင်းရင်နာမဆုံးဘူး..... jen ခံစားခဲ့တာတွေထက် ပိုပြီးခံစားရအောင်.....jen လုပ်အုန်းမှာပါ )
Jen အိမ်ပြန်လာပြီး အိမ်ထဲဝင်လိုက်တာနဲ့ နားထဲကို စူးပြီး ဝင်ရောက်လာတဲ့ ကလေးတစ်ယောက်အော်ငိုသံ....ဆူညံချက်ကို မုန်းတဲ့ jen မျက်မှောက်ကျုံထားလိုက်ပြီး.....ထိုအသံလာရာဘက်ကို ဦးတည်လိုက်တယ့်။
တွေ့ပါပြီ...မနေ့က ခေါ်လာတဲ့ Mino ရဲ သမီး lalisa manoban ဆိုတဲ့ ကလေးမက ဘာကိုအလိုမကျဖြစ်နေလဲမသိဘူး...ဆိုးဆိုးဝါးဝါးကို အော်ငိုနေတော့သည်။
" ဘာဖြစ်နေကြတာလဲ "
Jen အသံကိုကြားတော့ ဦးလေးဂင်ရဲ မိန်းမ ဒေါ်လေးသက် က အဲအနှီမလေး ကို ချော့ရကနေ jen ဘက်ကို လှည့်လာပြီး......
" ဘာဖြစ်နေလဲမသိဘူး... သခင်မငယ်လေး...ချော့လိုလဲ မရဘူး....ဒေါ်လေးအထင် ကလေးမလေးက အဖေ အမေ တွေကို မတွေ့ရလို ဂျီကျနေတာဖြစ်မှာ "
Jen ထိုကလေးမလေး ကို ကြည့်လိုက်တော့...ငိုလိုကောင်းတုန်း...လက်ထဲမှာလဲ...နို့ဗူးနဲ့...ဒေါ်လေးသက် ဖျော်ပေးထားတာဖြစ်မယ့်။
ရန်သူရဲ သမီးဆိုတော့လဲ Jen မှာ နည်းနည်းလေမှ မချစ်သလို အခုလို အသံပြဲနဲ့ အော်ငိုနေတာကိုလဲ လုံးဝမကြိုက်။