2020နှစ်သစ်၏ဖေဖော်ဝါရီလ။နွေဦးရာသီမို့
နေအပူချိန်မှာသိပ်မပြင်းလှ။သစ်ပင်များပေါ်တွင်
ပန်းအဖူးများကဖူးနေပြီ။ယနေ့သည်ဝမ်အိမ်တော်၏သခင်လေးဝမ်ရီပေါ်နဲ့
ရှောင်အိမ်တော်မှသခင်လေးရှောင်ကျန့်တို့၏
မင်္ဂလာပွဲ။ထိုအိမ်တော်နှစ်ခုသည်စီးပွားရေးလောကတွင်နာမည်ကြီးမို့ယင်းအိမ်တော်နှစ်ခု၏
မင်္ဂလာပွဲတွင်လူများစည်ကားလျက်ပင်။
မင်္ဂလာခန်းမထဲတွင်တော့အနီရောင်ဝတ်ထား
သောကောင်လေးဝမ်ရိပေါ်သည်ရှောင်ကျန့်အလာကိုရင်ခုန်စွာစောင်းဆိုင်းနေသည်။
ရှောင်သခင်မကြီးနှင့်ဝမ်သခင်မကြီးလည်းမိမိတို့အိမ်တော်၏တဦးတည်းသောသားများရှောင်ကျန့်နှင့်ဝမ်ရိပေါ်၏မင်္ဂလာပွဲမို့ဧည့်သည်များကိုဧည့်ခံ
နေသည်။ထိုအခိုက်၌ခန်းမထဲသို့ဝင်လာသည်ကားသတို့သမီးလောင်းရှောင်ကျန့်ပင်။ရှောင်ကျန့်
သည်အနီရောင်သတို့သမီးဝတ်စုံနှင့်ဝတ်ဆုံနှင့်
အလွန်ပင်ခန္ဓာကိုယ်မှာလှပနေသည်။ရှောင်ကျန့်
သည်ဝမ်ရိပေါ်ရှိရာသို့တလှမ်းခြင်းလျှောက်လှမ်းလာသည်။မျက်နှာတွင်အနီရောင်ဇာပုဝါဖြင့်
အုပ်ထားသည်မို့ရှောင်ကျန့်မျက်နှာကိုတော့
ဝမ်ရိပေါ်မမြင်ရသေး။ရှောင်ကျန့်သည်ဝမ်ရိပေါ်
နှင့်ဘေးချင်းယှဉ်ရပ်လိုက်ပြီးအရှေ့မှစကား
အတိုင်းလုပ်ဆောင်လိုက်သည်။"မိုးမြေကိုကန်တော့ပါ"
"နှစ်ဖက်မိဘများကိုကန်တော့ပါ"
"ဇနီးမောင်နှံအချင်းချင်းကန်တော့ပါ"
တတိယစကားအတိုင်းဝမ်ရိပေါ်နှင့်ရှောင်ကျန့်
သည်မျက်နှာချင်းဆိုင်ရပ်လိုက်သည်။နှစ်ယောက်စလုံးဦးညွတ်ပြီးနောက်ဝမ်ရိပေါ်သည်ရှောင်ကျန့်
မျက်နှာပေါ်မှအနီရောင်ဇာပဝါစလေးကိုလှန်လိုက်သည်။ဝမ်ရိပေါ်၏စိတ်ကူးထဲကထက်ပင်
ရှောင်ကျန့်သည်လှပနေသည်။ခန်းမဆောင်ထဲရှိ
တခြားမိန်းကလေးများထက်ပင်လှပနေသည်။
ဝမ်ရိပေါ်သည်ရှောင်ကျန့်ကိုငေးကြည့်နေရင်း
တွေဝေနေသည်။ရှောင်ကျန့်၏စကားသံကြားမှ
ဝမ်ရိပေါ်သတိပြန်ဝင်လာသည်။"ရိပေါ်...၊ဘာတေတွေးနေတာလဲ၊ငါမလှလို့လား"
"အာ့..အင်း...၊မဟုတ်ပါဘူးကွာ၊မင်းကလှပါတယ်
လှလွန်းလို့ငေးနေရတာပါကွာ......
မင်းက ၃၁ဘုံ မှာအလှဆုံးဘဲ"
YOU ARE READING
Present or Past(Zawggyi+Unicode)
Fiksi Penggemar"အချစ်ဆိုတဲ့အရာကိုတန်ဖိုးမထားတဲငါကမင်းနဲ့ တွေ့မှငါ့နှလုံးသားလေးအသက်ဝင်လာခဲ့တယ် .....ရှောင်ကျန့်၊မင်းကအရမ်းကိုချစ်စရာကောင်း နေပါလား" Wan Yibo "ရုပ်တည်...