Chapte-2"မသိစိတ်၏ခေါ်ဆောင်ရာနောက်သို့""မသိစိတ်၏ခေါ်ဆောင်ရာနောက်သို့"

158 12 2
                                    


ဝမ်ရိပေါ်နှင့်ရှောင်ကျန့်တို့သတိမေ့သွားသည်မှာ
ကြာနေပြီ။ဧနာက်ဆုံးညည်းညူသံနှင့်အတူရှောင်ကျန့်နှိုးလာသည်။ဘေးပတ်ဝန်းကျင်သည်မှောင်
မိုက်လွန်းသည်။ဘာမှမမြင်ရ။အေးစက်နေပြီး
အောက်တွင်မျက်ခင်းများသားရှိပြီ။ရှောင်ကျန့်
သိလိုက်သည်။သူတို့ရောက်နေသောနေရာကား
တောအုပ်တခုတွင်။

"ရိပေါ်.....၊ရိပေါ်.....ထဦး.....ရိပေါ်....."

ဝမ်ရိပေါ်မှာတော့အပေါ်အင်္ကျီမပါ။အောက်ပိုင်း
တွင်အဖြူရောင်တဘက်နှင့်။ရှောင်ကျန့်ခေါ်နေ
သော်လည်းရိပေါ်မှာနှိုးမလာချေ။

ထိုအခိုက်သစ်ပင်အကြားတွင်တစုံတခုလှုပ်ရှား
သွားသည်ကိုရှောင်ကျန့်မြင်လိုက်သည်။
ထိုအရာသည်ကားတိရိစ္ဆာပဲလားရှောင်ကျန့်မသိ။

မိမိဘေးမှဝမ်ရိပေါ်သည်တုပ်တုပ်မျှမလှုပ်။ထို
အခြေအနေတွင်လှူပ်နေသည်ကားထိုသစ်ပင်
နောက်မှအရာပင်။ထိုအရာသည်ရှောင်ကျန့်ကို
ကြည့်၍သစ်ပင်တစ်ပင်နှင့်တစ်ပင်ကြားလျှင်မြန်စွာ
ရွှေ့လျားနေသည်။

"ဘယ်..သူ..လဲ..၊ဘယ်သူလဲလို့မေးနေတယ်လေ"

ရှောင်ကျန့်အော်နေသော်လည်းထိုအရာထံမှမည်သည့်အသံမျှမကြားရ။နောက်ဆုံး၌ထိုအရာသည်
ရှောင်ကျန့်ရှိရာသို့လျှင်မြန်စွားပြေးလာသည်။
လရောင်ဖျော့ဖျော့အောက်တွင်မြင်လိုက်ရသောအရာကားရှောင်ကျန့်ကိုထိတ်လန့်သွားစေသည်။
မျက်နှာတွင်မျက်လုံးအစုံတို့ကပြူးထွက်နေသည်။
မျက်ဆံမှာတော့မရှိ။သွားများသည်ချွန်ထွက်နေပြီး
ဆံပင်များမှာကျိုးတိုးကျဲတဲ။အဝတ်အစားများမှာ
စုတ်ပြက်နေသည်။ရှောင်ကျန့်စိတ်ထဲတွင်တော့
ဖုတ်ကောင်ပင်တည်းဟုတွေးမှတ်လိုက်သည်။
ဤအရာသည်လူမမဖြစ်နှိုင်ဟုသိပေမဲ့ဤအချိန်
တွင်မိမိယောက်ျားဝမ်ရိပေါ်ကိုနှိုးပေမဲ့လည်းနှိုးမရ
ဘဲအချည်းနှိးသာဖြစ်နေတော့သည်။ထိုဖုတ်ကောင်သည်ရှောင်ကျန့်နားအရောက်တွင်ခဏရပ်ကာ
ရှောင်ကျန့်နှင့်ဝမ်ရိပေါ်ကိုပတ်၍ကြည့်နေသည်။
ခဏကြာတော့တောထဲတွင်ခြေသံများကြားလာရသည်။ကံကောင်းပြီဟုထင်နေသော်
လည်းထိုခြေသံများမှာလူ၏ခြေသံမဟုတ်၊ထိုဖုတ်ကောင်ကဲ့သို့အရာများ၏ခြေသံပင်ဖြစ်
သည်။ရှောင်ကျန့်ဘာလုပ်ရမယ်မှန်းမသိ။နောက်ဆုံးတွင်တော့ဖုတ်ကောင်များအစုလိုက်ရောက်
လာပြီးရှောင်ကျန့်နှင့်ဝမ်ရိပေါ်ကိုခုန်အုပ်လိုက်လေသည်။ရှောင်ကျန့်မှာမျက်စိကိုမှိတ်၍သာလက်တ
ဖက်နှင့်ဝမ်ရိပေါ်ကိုကိုင်ပြီးကျန်လက်တစ်ဖက်မှာ
ထိုဖုတ်ကောင်များခုန်အုပ်လိုက်သောဘက်သို့
ကာလိုက်သည်။ရှောင်ကျန့်သည်မိမိယောက်ျား
ဝမ်ရိပေါ်နှင့်မင်္ဂလာဦးညပင်မကုန်ဆုံးရသေးဘဲ
သေရတော့မှာပါလားဟုပင်တွေးနေမိတော့သည်။
ကံကြမ္မာသည်ဒီလိုဖြစ်လာပေမဲ့ကံတရားကတော့
ဒီလိုဖြစ်ခွင့်ဘယ်ပေးပါ့မလဲ။

Present or Past(Zawggyi+Unicode)Where stories live. Discover now