Chapter (1)

7K 218 1
                                    

FONT: UNICODE

အခန်း(၁) သူမ

ဒီနေ့။
ဖေဖေါ်ဝါရီ ၁၄ ရက်နေ့။
ချစ်သူများနေ့ (သို့မဟုတ်) သူမရဲ့မွေးနေ့။

သူမရဲ့မျက်နှာကိုမြင်ရရင် အရင်ကလိုမပျော်တော့ဘူး။ အရင်ကလို တောက်ပမှုတွေမရှိတော့တဲ့ သူမရဲ့အပြုံးဟာ ကျမကို စိတ်မချမ်းမမြေ့ဖြစ်စေတယ်။

"၆နာရီတွေ့ကြမယ် ချိန်းပြီးမှ ဘာလို့ ကောက်ကာငင်ကာကြီး ထထွက်လာရတာလဲ… ငါ့အလုပ်က ရုံးစောဆင်းလို့မရဘူးဆိုတာ သိရဲ့သားနဲ့"

"ရပါတယ် အိရဲ့… ဘာမှမဖြစ်ဘူး"

ငါးမိနစ်လောက် စောင့်ရရင်တောင် စိတ်မရှည်တတ်တဲ့ ယွန်းငယ်ကို အခုလို တစ်နာရီကျော် စောင့်ရတာတောင် အပြုံးမပျက်ရလောက်အောင် စောင့်မျှော်ရခြင်းနဲ့ ကျင့်သားရနေခဲ့တာ ဘယ်သူ့ကြောင့်လဲ…။

"ကိုဇေက ရွှေဂုံတိုင်ကို သွားမှာဆိုတော့ လမ်းကြုံလို့ ငါ တစ်ခါတည်းလိုက်လာတာ"

အခွင့်အရေးရသလောက် အဲ့ဒီ့ယောက်ျားကို အမြှီးဆွဲပြီးလိုက်နေဖို့ နင်အသက်ရှင်နေလား... ကျမ ထုတ်မမေးခဲ့။

"သူက ရွှေဂုံတိုင်ကို ဘာသွားလုပ်တာလဲ"

"သူငယ်ချင်းတွေနဲ့ သွားတွေ့တာ"
သူမ ခပ်တည်တည်နဲ့ပဲ ဖြေပါတယ်။

"Kitty Phyu (ကစ်တီဖြူ) နဲ့ သွားတွေ့တာ မဟုတ်ဘူးလား"

"အေးဟာ ငါလဲ မသိပါဘူး"
ရယ်ကျဲကျဲနဲ့ သူမ ပြန်ဖြေတယ်။

ပင့်သက်တစ်ချက်ရှိုက်မိတယ်။

"ညက running man ကြည့်လိုက်သေးလား… ဂျီဟိုကလေ ဂွမ်ဆူကို.."

"နင်တို့ ဒီလိုပုံစံနဲ့ ဘယ်လောက်ထိဆက်သွားကြမှာလဲ… နင့်ဘဝအတွက် ဘာစဉ်းစားထားလဲ ယွန်းငယ်… နင် ဘာဆက်လုပ်မှာလဲ"

သူမရဲ့ တောင်စဉ်ရေမရ လမ်းလွှဲစကားတွေကို နားထောင်မနေဘဲ ဖြတ်မေးလိုက်တော့ ယွန်းငယ် မျက်နှာပျက်သွားတယ်..

"နင်နဲ့အဲ့ဒီ့ကောင်မ ယောက်ျားတစ်ယောက်ကိုတူတူယူပြီး သုံးယောက်တူတူနေကြမလို့လား"

ငါ့မျက်ရည်တွေ မိုးအဖြစ် ရွာချပေးခဲ့တယ် ချစ်သူ အေးမြပါစေWhere stories live. Discover now