အခန်း (၄) လျှို့ဝှက်အနမ်း

2.2K 146 6
                                    

UNICODE

ယွန်းငယ်ရဲ့မိဘတွေ အမေရိကမှာနေတဲ့ သူ့အစ်ကိုနဲ့အတူလိုက်နေဖို့ မြန်မာနိုင်ငံက ထွက်သွားကြချိန်မှာ ကျောင်းပြီးအောင် ဆက်တက်ချင်တယ်ဆိုတဲ့ အရည်မရအဖတ်မရ အကြောင်းပြချက်နဲ့ သူမတစ်ယောက်တည်း နေရစ်ခဲ့တယ်။ ပြီးတော့ သူမအတွက်ငှားပေးခဲ့တဲ့ တိုက်ခန်းမှာမနေဘဲ ကိုဇေ့အိမ်မှာ သွားနေခဲ့ပါတယ်။ အဲ့ဒီ့အချိန်တည်းကစပြီး ယွန်းငယ်ဟာ တဖြေးဖြေးနဲ့ တခြားလူတယောက်လို ပြောင်းလဲသွားခဲ့တာပါပဲ။

အရင်က လန်းဆန်းတက်ကြွနေတတ်တဲ့ ယွန်းငယ်ဟာ အခုတော့ ငြိမ်ကုပ်ကုပ်ဖြစ်နေတတ်တယ်။ ပျော်ရွှင်ရယ်မောနေတတ်တဲ့ ယွန်းငယ်ဟာ အခုတော့ တွေဝေငေးမှိုင်နေတတ်တယ်။ သူမပြောင်းလဲသွားခြင်းရဲ့ တရားခံကကိုဇေပါပဲ။ အချိန်ကြာလာတာနဲ့အမျှ ကိုဇေရဲ့အကျင့်စရိုက်ဆိုးတွေ ပေါ်ပေါ်လာခဲ့တယ်။ တခါခြံခုန်ဖူးတဲ့နွားဟာ နောက်တခါခုန်ဦးမှာပဲ ဆိုတဲ့ စကားအတိုင်းပဲ ကိုဇေဟာ ယွန်းငယ်နဲ့ အတူနေနေတဲ့ကြားက နောက်ထပ်ဇာတ်ရှုပ်ခဲ့တယ်။ စသိခဲ့တာက ကိုဇေနဲ့တွဲရိုက်ထားတဲ့ ဓါတ်ပုံကို profile တင်ထားတဲ့ Kitty Phyu ဆိုတဲ့ account ကို ဝေဇင် အမှတ်မထင် တွေ့လိုက်ရလို့ပါပဲ။

အဲ့ဒီ့ Kitty Phyu ကြောင့်နဲ့ပဲ ကိုဇေနဲ့ယွန်းငယ် အကြီးအကျယ်ရန်ဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် ဒီအချိန်မှာ ကိုဇေ့ကိုမဆုံးရှုံးရဖို့အတွက် ယွန်းငယ်ဟာ ဘာကိုမဆိုလက်ခံပေးဖို့ အသင့်ဖြစ်လို့နေတယ်။ အဲ့ဒီ့အတွက် ကိုဇေဟာ သူမနဲ့ kitty phyu ကို နှစ်ယောက်ပြိုင်တွဲခွင့် ရခဲ့တယ်။ အဲ့ဒီ့နောက်ပိုင်းမှာ အရင်တည်းက ကတိပျက်တတ်တဲ့ ကိုဇေဟာ ယွန်းငယ်အပေါ်မှာ ပိုပြီးကတိပျက်တာများလာခဲ့တယ်။ ယွန်းငယ်ကိုဂရုမစိုက်တတ်တဲ့ ကိုဇေဟာ ပိုပြီးတော့ လက်လွတ်စပယ်ဖြစ်လာတယ်။
ယွန်းငယ်ဟာ ဘဝနဲ့ရင်းပြီးချစ်ခဲ့တဲ့ချစ်သူကို ဆုံးရှုံးရမှာကြောက်တဲ့စိတ်နဲ့ အရာရာတိုင်းကိုသည်းခံခွင့်လွှတ်ပြီး နေခဲ့တယ်။

"ကိုကိုကသူ့ကို အပျော်တွဲတာပါဟယ်"
ဒါက ယွန်းငယ်ရဲ့လက်သုံးစကား။

"အခုတည်းကဖောက်ပြန်နေတဲ့ ယောက်ျားတယောက်ကို နင်ဘယ်လိုယုံကြည်ပြီး လက်ထပ်မှာလဲ ယွန်းငယ်"

ငါ့မျက်ရည်တွေ မိုးအဖြစ် ရွာချပေးခဲ့တယ် ချစ်သူ အေးမြပါစေWhere stories live. Discover now