အခန်း (၃) ချစ်သူ

2.1K 148 7
                                    

UNICODE

ဒီလောက်အရေးကြီးတဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ ကျမအခြေအနေနဲ့ ဘယ်လိုမှ မတတ်နိုင်တာမို့ ဝေဇင်ကိုပါ အပူမျှပေးလိုက်ပါတယ်။

"ဟာ မဖြစ်ဘူး အိမ ငါတို့ ချောင်းသာကို အခုချက်ချင်း လိုက်သွားမှဖြစ်မယ်ထင်တယ်"

သူ့အားကိုးကာမှ သူက ကိုယ့်ထက် ပိုဆိုးနေတယ်။

"အခုလိုက်သွားလို့မှ မရတာဟယ်
ကားတွေက ည၁၀နာရီမှ ထွက်တာလေ
စိတ်အေးအေးထားပြီး ဖြစ်နိုင်တာကိုပဲ စဉ်းစားကြရအောင်ဟာ"

ဖြစ်နိုင်ချေ သုံးဒါဇင်လောက် ကျမတို့ စဉ်းစားတွက်ချက်ခဲ့ကြရင်း ညနေလေးနာရီထိုးတဲ့အချိန်မှာတော့ အကောင်းဆုံးနည်းလမ်း ၃ခုကို ရွေးချယ်နိုင်ခဲ့ပါတယ်။

ဒါနဲ့ ကျမ ယွန်းငယ်ကို ဖုန်းခေါ်လိုက်တယ်။

"ယွန်းငယ် နင့်ကို ငါ နည်းလမ်း ၃ခုပြောပြမယ်
နင်သေချာမှတ်ထားဦးနော်
ပထမဆုံးက နင် ဟန်ဆောင်ပြီး ချောင်းဆိုးပြလိုက်ဟာ ဖျားနေတယ်လို့ပြောလိုက် ကိုဇေ့ကိုလဲ အဖျားကူးမှာစိုးလို့ အခန်းသပ်သပ်ယူပေးပါလို့ ပြောလိုက်နော် ပြီးတော့.."

"အိ ရတယ်
မလိုတော့ဘူး"

"ဟင် ဟုတ်လား နင့်ကို အခန်းလဲပေးလိုက်ပြီလား"
ကျမ အံ့သြဝမ်းသာသွားတယ်။

"မဟုတ်ဘူး..."

ယွန်းငယ် စကားစပြတ်သွားပြန်တယ်။

"ဘာလဲ ယွန်းငယ် ဘာဖြစ်လို့လဲ"

"မဟုတ်ဘူး... ငါ အဆင်ပြေပါတယ်
ကိုကိုနဲ့ငါ... အဆင်ပြေပါတယ်"

ရင်ထဲမှာ နင့်ခနဲ လေးပင်သွားတယ်။
"နင်တို့ ဘာဖြစ်ကြတာလဲ"

"နင်ကလဲ..အဟင်း"
ယွန်းငယ် ရှက်ကိုးရှက်ကန်း ရယ်တယ်။

နောက်ကျသွားခဲ့ပြီဆိုတာကို ကျမသိလိုက်ပါတယ်။
ဟုတ်ပါတယ်။ ဒီလိုနဲ့ သူမကို ယောက်ျားတစ်ယောက်ဆီမှာ ကျမဆုံးရှုံးခဲ့ရတယ်။ ပေးဆပ်ခြင်းသပ်သပ်နဲ့ချစ်ခဲ့တဲ့ ကျမရဲ့အချစ်တွေဟာ ရယူခြင်းသပ်သပ်နဲ့ ချစ်ခဲ့တဲ့ အဲ့ဒီ့ယောက်ျားရဲ့အချစ်မှာ ကျရှုံးခဲ့ရတယ်။ ရဲရင့်အောင်လို ဒီလောက်နဲ့ပဲ ကျေနပ်ပါတယ်လို့တော့ မပြောနိုင်ဘူး။ ကျမ မကျေနပ်ဘူး။ ဖြစ်သင့်တာတွေ မဖြစ် မဖြစ်သင့်တာတွေ ဖြစ်နေတဲ့ လောကကြီးရဲ့ မမျှတမှုအတွက် ကျမ ဘယ်လိုမှ မကျေနပ်နိုင်ပါဘူး။
ဒါပေမယ့် ကျမ ဘာတတ်နိုင်မှာလဲ..။

ငါ့မျက်ရည်တွေ မိုးအဖြစ် ရွာချပေးခဲ့တယ် ချစ်သူ အေးမြပါစေWhere stories live. Discover now