(ဇာတ်သိမ်းခန်း) သူမရဲ့ ဘေးကနေရာ

3.9K 188 14
                                    

UNICODE

ခံပြင်းဒေါသထွက်လွန်းလို့ ကျမမှာ ဘာစကားမှတောင်မပြောနိုင် ဖြစ်သွားခဲ့ရတယ်။ ယွန်းငယ်ရဲ့ ဝမ်းနည်းအားငယ်ငိုရှိုက်နေတဲ့ မျက်နှာလေးကို မြင်ယောင်မိပြီး ရုတ်တရက် ရင်ထဲမှာဆူတက်လာတဲ့ ပေါက်ကွဲမှုနဲ့အတူ ကျမရဲ့လက်တစ်ဖက်က လေထဲကိုမြောက်တက် သွားခဲ့တယ်။

ကိုဇေ့ရဲ့မျက်နှာကို ကျမ မရိုက်မိလိုက်ခင်မှာပဲ ဘယ်အချိန်က ရောက်လာမှန်းမသိတဲ့ ဝေဇင် ရုတ်တရက် ကိုဇေ့အပေါ်ကို ခုန်အုပ်ပြီး ထိုးကြိတ်တယ်။

"ဒီလောက်တောင်အောက်တန်းကျတဲ့ကောင်
အယုတ်တမာကောင်
မင်းကို ငါ သတ်မယ် ကဲကွာ ကဲကွာ"

ကိုဇေက အလစ်အငိုက်မို့ ခံနေရတယ်။ ရုတ်တရက်မို့ ကျမ လန့်သွားပေမယ့် ဝေဇင့်ကိုတားမိခဲ့ဘူး။ အမှန်ပြောရရင် ကျမက်ိုယ်တိုင်က ကိုဇေကို့ ရိုက်နှက်ပစ်ချင်နေမိတာကိုး။

အထိုးခံနေရရာက ကိုဇေတုံ့ပြန်ခဲ့တဲ့ လက်သီးတချက်ဟာ ဝေဇင့်ရဲ့မေးရိုးကို တည့်တည့်ထိပြီး ဝေဇင် ဘေးကိုလဲကျသွားချိန်မှာ ကိုဇေဟာ ချက်ချင်းပဲ လူးလဲထလာပြီး ဝေဇင့် ကို ခြေထောက်နဲ့လွှဲကန်တယ်။ မျက်နှာကို ကန်မိပြီး ဝေဇင် ပက်လက်လန်ကျသွားတယ်။ ဝေဇင့်ရဲ့နှုတ်ခမ်းကနေ သွေးတွေစီးကျလာတယ်။

"အမယ်လေး ဝေဇင်"

ကျမ စိုးရိမ်တကြီး အော်မိတယ်။ ကိုဇေက ဝေဇင့်ကို ထပ်ပြီး ထိုးကြိတ်တော့မှာမို့ ကျမ ပြေးလာပြီး ဆွဲလိုက်တယ်။

"လွှတ်စမ်း ငါ့ကို"

ကိုဇေက ကျမကို ဒေါသတကြီး အော်ပြီး သူ့လက်ကိုသူ ဆောင့်ရုန်းလိုက်တော့ ကျမ အားလွန်ပြီး လဲကျသွားတယ်။ ကျမနဲ့ကိုဇေ ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်မှာ ဝေဇင် လဲနေရာကပြန်ထချိန်ရလိုက်တယ်။ ဝေဇင်နဲ့ကိုဇေ တစ်ယောက်တစ်ပြန် ထိုးကြိတ်နေကြတယ်။ ဝေဇင်က လူကောင်ထွားပေမယ့် ကိုဇေက ပိုသန်တယ်။ ဒဏ်ရာရထားတဲ့ ဝေဇင်ပဲ ပိုပြီးအထိနာနေတော့တယ်။ ဝေဇင့်ရဲ့ နှုတ်ခမ်းကစီးကျတဲ့သွေးတွေဟာ အကျီတထည်လုံး ရဲနေပြီ။

ကျမ ဘာလုပ်ရမလဲ...။ ကူကယ်ရာရှာဖို့အတွက် ဘေးဘီဝဲယာကို ကြည့်လိုက်တော့ ဒန်းစင်းလေဒီသစ်ခွစိုက်ထားတဲ့ မြေပန်းအိုးတစ်အိုးကို တွေ့လိုက်တယ်။ ကျမ အဲ့ဒီ့ပန်းအိုးကိုကောက်ယူပြီး ကိုဇေ့ရဲ့ ခေါင်းကိုထုချလိုက်တယ်။ လုပ်တုန်းက ဘာမှမစဉ်းစားဘဲ ရုတ်တရက် လုပ်လိုက်မိပေမယ့် ထုလိုက်တဲ့အချိန် ကိုဇေ့ရဲ့ခေါင်းနဲ့ထိပြီး ပန်းအိုးကွဲထွက်သွားတဲ့အချိန်လေးမှာ  သေပါစေလို့ ကျမစိတ်ကူးလိုက်မိတယ်။ ယွန်းငယ်အပေါ် ရက်စက်ယုတ်မာတဲ့ ကိုဇေ့လိုလူကို တကယ်ပဲ ကျမ သတ်ပစ်ချင်မိခဲ့တယ်။

🎉 ငါ့မျက်ရည်တွေ မိုးအဖြစ် ရွာချပေးခဲ့တယ် ချစ်သူ အေးမြပါစေ hikayesini okumayı bitirdin 🎉
ငါ့မျက်ရည်တွေ မိုးအဖြစ် ရွာချပေးခဲ့တယ် ချစ်သူ အေးမြပါစေHikayelerin yaşadığı yer. Şimdi keşfedin