" ကဲ့အားလုံးပဲ့ ပျော်ပျော်ပါးပါးပေါ့ CEO က အားလုံးရှင်းမှာ မို့ ကဲ ချင်သလောက်ကဲကြဟေ့ "CEO UK က ပြန်ရောက်တဲ့ အထိမ်းအမှတ်နဲ့ စားသောက် ပွဲ ကျင်းပနေတာမို့ ရုံးကသူ တော်တော်များများ club တစ်ခုသို့ ရောက်နေကြခြင်းဖြစ်သည်။ တစ်ချို့က ခုံမှာထိုင်ပြီး သောက်နေကြတယ်။ တစ်ချို့က ဖွင့်ထားတဲ့။ DJ တီးလုံးအလိုက် လိုက်ပါစီးမျော ကခုန်နေကြတယ်။
CEO, Manager, Design Department head, Sectary နဲ့ CEO သတို့သမီးလောင်းဆိုသူ ကြည်သာမေတို့က တစ်ဝိုင်းထိုင်နေကြခြင်းဖြစ်သည်။
ကိုသူရိန်နဲ့ ကိုလွမ်းဝေက သောက်လိုက်ပေါက်ပေါက်ဖောက်
လိုက်နဲ့ စကားပြောကောင်းနေကြချိန်၊ CEO ကို ကြည်သာ မေက ဝိုင်လေးငှဲ့ပေးလိုက်၊ အမြီးလေးခွံ့ကျွေးလိုက်နဲ့ အဆင်ကိုပြေနေတာပဲ့။ မပြေတာက ရှိုင်းထက်အာကာ
လာကတည်းက စကားတစ်ခွန်းမှမဆိုသလို လက်ထဲမှာကလည်း ဘီယာတစ်ဘူးပြီး၊ တစ်ဘူးပဲ့၊ အမြီးမစားပဲ ဘီယာချည်း လိပ်သောက်နေခြင်းဖြစ်သည်။" အာကာရေ..... တော်လောက်ပြီ "
ကိုသူရိန်မှ ဝင်တားသည်ကို အဖက်တောင်မလုပ်ပါသော ရှိုင်းထက်အာကာမှာ လက်ထဲက ကုန်သွားတဲ့ ဘီယာဘူး ကိုချပြီး၊ အသစ်တစ်လုံးတောင်ကိုင်နေပါရဲ့။
" ဟေ့ မင်းကို တော်တော့လို့ပြောနေတယ်လေ "
" ခင်များ ..ဘာသာ ဝိုင်လေးသောက်....လိုက်... ဘေးက မ. .ဒီေ.လးက ...အမြီးလေးခွံ့လိုက်နဲ့ အဆင်ပြေနေ.....တာမလား..... လူ ကို... လာ.. ဟောက်.. မနေနဲ့...... Sorry ပဲ့.... "
*ဒေါက်*အားလေးလျှာလေးနဲ့ CEO ကို ပြန်အော်ပြီး လက်ထဲက ဘူးကိုလည်း ဆောက်ချသွားသေးတယ်။ ကိုသူရိန်နဲ့ ကိုလွမ်းဝေကတော့ ရင်တမမနဲ့ ဖြစ်နေရှာတယ်။ ဘေးက ကြည်သာမေကတော့ မျက်နှာကြီးမဲလို့။
" ဒါကဘယ်လဲ!!! "
" သွားကမယ်လေ..... ကို သူ ရိန်ရေ CEO ဆိုတဲ့ အဘိုးကြီးကို ....ခေါ်... ထားနော်... မဟုတ်ရင်... ဆွဲထိုးမှာ "
" ဪ... မင်းကများငါ့ကို ထိုး မယ်ပေါ့.... "
" ဟို.. C.. CEO ခင်ဗျ... သူက မူးနေလို့ပါ စိတ်မရှိပါနဲ့ဗျ"
YOU ARE READING
Broken ♥
General Fiction#နွေဦးမောင် #ရှိုင်းထက်အာကာ Description တွေရေးမနေတော့ဘူးလေ...... ကိုယ်ကအချစ်ကြောင်းမှ နားမလည်တာ..... 😉