စားသောက်ပွဲ အပြီးနောက်နေ့ကတည်းကနေ နွေဦးမောင်နှင့် ရှိုင်းထက်အာကာ စကားမပြောဖြစ်တော့။ ရှိုင်းဘက်ကနေ တတ်နိုင်သမျှ မတွေ့အောင်ရှောင်သည်။ Meeting တို့ Design ကိစ္စတို့နဲ့ လွှဲရင်ပေါ့။ ထူးခြားတာတစ်ခုက အဲဒီနေ့နောက်ပိုင်း မနက်ခင်းတွေတိုင်းမှာ ရှိုင်းအလုပ်စားပွဲ ပေါ် ဒေစီပွင့်အဖြူတွေပါတဲ့ ပန်းစည်းတစ်စည်းရယ်၊ Postcard လေးတစ်ခုရယ် နေ့တိုင်းရှိနေတတ်တယ်။ ဒီနေ့လည်း ထိုနည်း၎င်းပင်။" မသင်ဇာ... ဒေစီပန်းကြိုက်တယ်ဟုတ်"
" ဒါပေါ့.. "
" အင့်... ယူလိုက် ကျွန်တော်ပေးတယ်"
" အံမယ်.. ဘယ်ကကောင်မလေးပေးထားမှန်း မသိပဲ... မယူချင်ပါဘူးနော်"
အပျိုကြီးကလည်း ယူချင်နေရက်နဲ့ အင်တင်တင်လုပ်နေ သေးတယ်။
" အေးပါ.. ပေးတဲ့သူက ပေးနေမှတော့ ယူရတာပေါ့.. အဟင်း... ကောင်းမလေးအတွက်တော့ စိတ်မကောင်းဘူး ဟီးဟီး... "
" ကောင်မလေး မဟုတ်ဘူး ကောင်ကြီး"
ရှိုင်းရဲ့ ကောင်ကြီး ဆိုတဲ့ စကားကြောင့် မြင်းဟီနေသလို မသင်ဇာ ရဲ့ အသံကြီးက ပျောက်သွားပြီး မျက်လုံးတွေ အရောင်လက်လာပြီး အသံဗြဲကြီးနဲ့ ထအော်ပါလေရော။
" ကောင်းကြီးလား... ကောင်းလေးလောက်တော့လုပ် ဘယ်သူလည်း ပြောပြစမ်းပါ "
" ငါတို့လည်း သိချင်တယ်ဟေ့"
" တစ်ဝိုင်းလောက်တော့ လုပ်လိုက်တော့ ငါတို့ ခေါင်းကြီးရေ"
မသင်ဇာရဲ့ အသံဗြဲကြီးကြောင့် ဘေးနားက ကို မင်းသူနဲ့
ဖြူစင်မေနဲ့ကလည်း လှုပ်လှုပ်ရွရွဖြစ်လာကြတယ်။" အားလုံးသိချင်ကြတယ်မလား ရဲဘော်တို့! "
" ဟုတ်တယ်ဟေ့ သိချင်တယ် သိချင်တယ်"
ဘယ်လိုပြောရမလဲ။ ကောင်ကြီးဆိုတာ ဒီ Company ရဲ့ စေ့စပ်ထားပြီးသား ပိုင်ရှင်ရှိလူသား သူတို့ကြောက်ရတဲ့
CEO ဆိုတာကို။ ရှိုင်းအလုပ်လုပ်လာတဲ့ ဒီတစ်နှစ်အတွင်း
တစ်ခါမှဒီလိုမကြုံဖူး။ မောင်ရောက်လာပြီးမှ ခုလို ပန်းစည်းနဲ့။ Postcard တွေ ရနေခြင်း။ လူမှားတာတော့ မဖြစ်နိုင်ပါ။ ရှိုင်းဒေစီပန်းကြိုက်တာ မောင်နဲ့ မေမေကလွဲ ဘယ်သူမှ မသိသလို postcard မှာရေးထားတဲ့ ရှိုင်းလေး ဆိုတဲ့ နာမည်ကိုလည်း မောင်တစ်ယောက်တည်းသာ ခေါ်သည်။ ပြီးတော့ ဒီလက်ရေးတွေကို လည်း သူမမေ့ပါ။ တစ်ခုပဲ့ ကိုယ်နဲ့ မသင့်ဆိုင်တဲ့ နာမ်စားကိုတော့ ရှိုင်းပါးစပ်က မထွက်ချင်ပါ။
YOU ARE READING
Broken ♥
General Fiction#နွေဦးမောင် #ရှိုင်းထက်အာကာ Description တွေရေးမနေတော့ဘူးလေ...... ကိုယ်ကအချစ်ကြောင်းမှ နားမလည်တာ..... 😉