At CEO Office" ကို လွမ်းဝေ ရေ ရှိုင်းလေးကို ခေါ်ပေးပါဦး "
" အာကာ အလုပ်ထွက်လိုက်ပြီ CEO ခင်ဗျ"
" ဘာ!!! "
ကိုလွမ်းဝေ မှာ ရှိုင်းနှင့်နွေဦးတို့ရဲ့ ဆက်ဆံရေးအားသိ
သော company မှ တစ်ဦးတည်းသောသူဖြစ်သလို ရှိုင်းနဲ့ ပတ်သက်ရင် အဖြစ်သည်းလွန်းတဲ့  သူတို့ CEO အကြောင်း လည်း သိလေတော့ လူက ခန့်လန့်လန့်ရယ်။" ကားထုတ်ထားပါ.... အပြင်သွားမယ်"
"ဟုတ်ကဲ့ CEO "
အလုပ်ထွက်တယ်လား။ ကိုယ်နဲ့ အဝေးကို ပြေးမှာပေါ့ လေ။ ပြေးနိုင်သလောက် ပြေးထားစမ်းပါ။ အချိန်တန် ရင် မင်းက ကိုယ့်အပိုင်ပဲ့ ဖြစ်လာမှာ ရှိုင်းလေး။
------ ----- ------ -----
" မေ့.... သားဒီနေ့ ဆိုင်ထိုင်ပေးမယ်.... မေမေအိမ်သွား နားလိုက်.. "
" အမယ်လေး ရပါတယ် သား ရဲ့ counter မှာ ထိုင်နေရတာကို ပင်ပန်းတာကျလို့. .."
" မေ က လည်း..... "
" ဖူးခက် လာမှာ မလို့ ' ပ ' ထုတ်နေတာမလား.... "
" ဟီး.. ဟီး.... မေက ဘယ်လိုသိ "
" ကိုယ့်သားလေးအကြောင်းသိတာပေါ့ ကဲ... မေမေပြန်မယ်.... ဖူးခက်လေး ကို ကောင်းကောင်း စောင့်ရှောက်လိုက်ဦးနော်။... "
" ဟုတ် ကဲ့ ပါ ဗျ "
အမေနဲ့ဆို အလိမ္မာ တုံးလေး ရှိုင်းပါ။ အလုပ်ထွက်လိုက်တော့ အားနေတာနဲ့ မေမေ့ကော်ဖီ ဆိုင်မှာ
ဆိုင်လာထိုင်ပေးဖြစ်သွားတယ်။" SKY CAFE " လို့ အမည် တပ်ထားတဲ့ ဆိုင်လေးက ရှိုင်း နဲ့ ရှိုင်းမေမေ သိပ်ချစ်တဲ့ နေရာလေးဆို လည်း မမှားဘူး။ ရှိုင်းဖေဖေ မဆုံးခင်က ဖေဖေက သူ့ချစ်ဇနီးအတွက် ဖွင့်ပေးခဲ့ပြီး ရှိုင်းကိုယ်တိုင် Design ဆွဲပြီး စိတ်တိုင်းကျ ဖန်တီးထားတဲ့။ CAFE လေး။ ပတ်ဝန်းကျင်က အေးချမ်းပြီး ဆိုင် ကိုလာတဲ့ ဧည့်သည် တွေ ကော်ဖီသောက်ရင်း စာဖတ်လို့ ရအောင် Bookshelf တွေလည်း ထားပေးတယ်။ ဆိုင်ရဲ့ ဘေးဘက်မှာလည်း အလှဓာတ်ပုံရိုက်ဖို့ Flowers park လည်း ပြုလုပ်ထားတာမို့ လူငယ် အများစုက။ SKY CAFE ကို အလာများကြတယ်။
YOU ARE READING
Broken ♥
Ficción General#နွေဦးမောင် #ရှိုင်းထက်အာကာ Description တွေရေးမနေတော့ဘူးလေ...... ကိုယ်ကအချစ်ကြောင်းမှ နားမလည်တာ..... 😉