Love u more than I can say(1)

27.3K 949 21
                                    

<Unicode>
မီးရောင်မှိန်ပြပြလင်းနေတဲ့ ကော်ဖီဆိုင်လှလှလေးက ဒီနေ့မှ လိုအပ်တာထက်ပိုတိတ်ဆိတ်နေခဲ့တယ်။ မသောက်ရသေးတဲ့ကော်ဖီပူပူနှစ်ခွက်ကိုရှေ့မှာချလို့ ငြိမ်သက်တိတ်ဆိတ်စွာ မျက်နှာချင်းဆိုင်ထိုင်နေကြတဲ့လူသားနှစ်ဦး။ ငွေရောင်ဆံနွယ်ရှည်လေးနဲ့ကောင်လေးက သူ့လက်တွေကို အချင်းချင်းပွတ်တိုက်လို့ ခေါင်း​လေးကိုငုံ့ထားတယ်။ အနက်ရောင်ရှပ်အင်္ကျီကို လက်ခေါက်တင်လို့ ခြေချိတ်ထိုင်နေတဲ့ နှုခမ်းအောက်နားမှာမှည့်နက်လေးနဲ့ကောင်လေးကတော့ သူ့ရှေ့က ငွေမင်ရောင်လေးကိုမျက်တောင်မခတ်တမ်းစိုက်ကြည့်လို့။

"ကျွန်တော်တို့ လမ်းခွဲရအောင် ကိုကို"

ရိပေါ်သူရဲ့ ပြိုလဲနေတဲ့စိတ်ကို ထိန်းချုပ်လို့ တစ်သက်လုံးမပြောချင်ခဲ့တဲ့ အမုန်းဆုံးစကားတစ်ခွန်းကို သူချစ်ရဆုံးသူကိုပြောမိတယ်။သူ့ရှေ့ကချစ်ရသူကတော့ မျက်နှာလွဲသွားပြီး
ဘာမှမဖြစ်သလို မျက်နှာသေနဲ့ Espresso ကိုသာသောက်နေလေရဲ့။ ရိပေါ် မျက်ဝန်းထဲမျက်ရည်တွေနဲ့ပြည့်လာခဲ့တယ်။

ဒါကဘယ်လိုအခြေနေကြီးလဲ။ အနည်းဆုံးတော့ ​ရှောင်ကျန့်က သူ့ကိုဆွဲထားလိမ့်မယ်လို့သူမျှော်လင့်ခဲ့တာလေ။ အကယ်၍ ​ရှောင်ကျန့်ဘက်ကသာ သူ့လက်ကိုဆွဲထားမယ်ဆို
သူ မိုက်မဲပြစ်ဖို့ဝန်မလေးပါဘူး။

ခုတော့ သူချစ်ရတဲ့ကိုကိုကဘာမှတောင်မဖြစ်ဘူးတဲ့လား။ အင်းလေ စချစ်ခဲ့တာလဲသူ့ဘက်ကပဲမဟုတ်လား။ တစ်ချိန်လုံး သူကပဲကိုကို့ကို တွယ်ကပ်နေခဲ့တာ။ ကိုကိုဘယ်လောက်စိတ်ညစ်ခဲ့မလဲလို့တွေးမိပြန်တော့ နှလုံးသားက ဆစ်ကနဲ။ ကောင်းတော့လဲကောင်းပါတယ်။ အနည်းဆုံးတော့ ကိုကိုကရိပေါ်ကိုမချစ်ခဲ့ဘူးဆို မခံစားရတော့ဘူးပေါ့။

ရိပေါ်မျက်ဝန်းထဲ မျက်ရည်တွေပြည့်လာတာကြောင့် သူ့ရှေ့ကပုံရိပ်လေးကဝေဝါးလာတယ်။ ဟက်! ရိပေါ် မင်းကစလမ်းခွဲတာလေ
ဘာလို့ငိုချင်နေရတာလဲ။

ရိပေါ် ကျဆင်းလာတော့မယ့် မျက်ရည်တွေကိုသုတ်လိုက်ပြီး အပြုံးတုတစ်ခုကိုဖန်တီးလိုက်တယ်။

Love U More Than I Can Say🖤{Completed }Where stories live. Discover now