<Unicode>
"ဘာ..ဘာလို့မပြောခဲ့ရတာလဲ...အဟင့်....ရွှတ်....ကျွန်တော်က ကိုကို့ကို မမှတ်မိခဲ့ဘူး ...."ရင်ခွင်ထဲဝင်လို့ ရှိုက်ကြီးတစ်ငင်ငိုနေတဲ့သူ့ကို
ကိုကိုက ပွေ့ဖက်ထားပြီး ကျောကိုခပ်ဖွဖွပုတ်ရင်းနှစ်သိမ့်တယ်။"တိတ်....တိတ်...မငိုနဲ့တော့နော်... ကလေး
ဘာမှမဖြစ်ဘူး......ကလေးမှတ်မိစရာမလိုဘူး.....ကိုယ်မှတ်မိတယ်လေ"
"ဟင့်....ရွှတ်..ဘာလို့မပြောခဲ့တာလဲ"ရင်ခွင်ထဲကနေခေါင်းမော့ရင်း မေးနေတဲ့ ရိပေါ်ရဲ့မျက်နှာထက်က မျက်ရည်တွေကို ခပ်ဖွဖွသုပ်ပေးလာတဲ့ ရှောင်ကျန့်က သက်ပြင်းတစ်ခုကိုချပြီး အကြည့်လွဲသွားတယ်။
"ကိုယ်ကမမှတ်မိစေချင်ဘူး......ကိုယ့်ရဲ့အဲ့ဒီလိုပုံစံကိုကလေးမှတ်မိနေမှာ မလိုလားဘူး"
"ခုလက်ရှိမှာ ကလေးကကိုယ့်ကိုချစ်နေပေးရင်ရပြီ"
"အဲ့ဒီတုန်းက ကိုယ်က ကလေးအတွက် ဖြတ်သွားဖြတ်လာလူတစ်ယောက်ထက်မပိုခဲ့ဘူးမလား"တိုးသဲ့သဲ့ စကားသံက ဆို့ဆို့နင့်နင့်။ မျက်ဝန်းညိုတွေကလည်း မှိုင်းညို့လို့......။
"တောင်း...ပန်ပါတယ် ကိုကို...ပင်ပန်းခဲ့မှာပဲ..."
သူမသိခဲ့တဲ့ အလွမ်းတွေအတွက် သူမေ့ပစ်မိခဲ့တဲ့မှတ်ဉာဏ်တွေအတွက်......တစ်ဖွဖွတောင်းပန်နေတဲ့ ရိပေါ်ကို ရှောင်ကျန့်ကထွေးပွေ့လို့ နှစ်သိမ့်တယ်။
ပျော်ရွှင်ခဲ့ရတဲ့ လွမ်းဆွတ်ခြင်းတွေမို့.......
သူမြတ်နိုးရတဲ့ ချစ်ခြင်းမေတ္တာတွေမို့.......
အချစ်မှာ အပြစ်မရှိပါလေ.......။"ကဲ...တော်ပြီ မငိုနဲ့တော့ မျက်လုံးတွေနာကုန်ပြီ... လာ ..ကိုယ် ကလေးဖို့ စွတ်ပြုတ်လေးပြန်ယူလာတယ်"
စွတ်ပြုတ်ကို အားပါးတရသောက်နေတဲ့သူ့ကို
ဘေးကနေပြုံးပြုံးကြီးကြည့်နေတဲ့သူကြောင့် ရိပေါ်နင်သွားရသည်။"အဟွတ်....အဟွတ်...."
"အာ....ဖြည်းဖြည်းစားလေ....ကလေးရာ"
"ရော့... ရေလေးသောက်လိုက်"သူ့ကျောကို ဖွဖွထုပေးလိုက်၊ ရေတိုက်လိုက်၊
ပေရေနေတာတွေကို တစ်ရှုးနဲ့သုပ်ပေးလိုက်
လုပ်နေတဲ့ကိုကို့ကို သူအမြတ်တနိုးလိုက်ကြည့်နေမိသည်။