<Unicode>
"တီးတောင်! ! တီးတောင်!!"
"ဟင်!"
"ကိုကို ဘဲလ်တီးသံကြားရတယ်"အိမ်တံခါးဘလ်သံသဲ့သဲ့ကြောင့် ရင်ခွင်ထဲက ကလေးက ခေါင်းလေးမော့ကာပြောလာသည်။ ငိုထားတာကြောင့် နီရဲဖောင်းအစ်နေတဲ့
မျက်ဝန်းလှလှလေးတွေနဲ့ မျက်တောင်လှလှလေးတွေကို ပုတ်ခတ်ပုတ်ခပ်လုပ်ရင် သူ့ကိုမော့ကြည့်နေတဲ့ ကလေးငယ်ကို မျက်ဝန်းလှလှလေးတွေမှိတ်သွားအောင်ထိ ဖိကပ်နမ်းပစ်လိုက်တယ်။"အင်း....ကလေး ကိုယ်ကြားတယ်"
"ဒုန်း....ဒုန်း........ရှောင်ကျန့်!!!!!"
"တံခါးလာဖွင့်ပေး!!ရှောင်ကျန့်!!!"
"ပါး?....ပါး!....ကိုကို.....ပါး...ပါးရောက်လာပြီ"ခပ်သဲ့သဲ့ကြားနေရတဲ့ ဘဲလ်တီးသံကနေတံခါးကိုတစ်ဒုန်းဒုန်းထုလို့ ဒေါသတစ်ကြီး အော်ဟစ်နေတဲ့အသံကိုကြားလာရတယ်။ အဟင်း....စိတ်ရှုပ်စရာတွေတော့ရောက်လာပြီထင်တယ်။ ရင်ခွင်ထဲကနေ သူ့အင်္ကျီစကိုခပ်တင်းတင်းဆုပ်ကိုင်လို့ အထိတ်တလန့်ဖြစ်နေတဲ့ မျက်ဝန်းတွေနဲ့အကောင်ပေါက်လေးကြောင့် ဖက်ထားတဲ့သူ့ရဲ့လက်တွေကိုပိုမိုတင်းကျပ်စေလိုက်တယ်။
"ကလေး.....ခဏလေး တိတ်တိတ်လေး နေပေး...နော်"
"ဟင်!...ကိုကို...မသွားနဲ့.... ကျွန်တော့်ကိုလွှတ်ပေးပါ.....ကျွန်တော့်သဘောနဲ့ရောက်နေတာပါလို့ပြောမယ်လေ.....နော်..ကိုကို...ပြန်လာမယ်လို့...ကတိပေးတယ်...နော်"လှည့်ထွက်ခါနီး ရှောင်ကျန့်ရဲ့ အင်္ကျီစကိုဆွဲထားရင်း မျှော်လင့်ချက်တွေနဲ့ သူ့ကိုယုံကြည်ပေးဖို့ရာ တောင်းဆိုလာတဲ့ ရိပေါ်။
"ဒုန်း...ဒုန်း....ရှောင်ကျန့်!!!!"
ပိုကျယ်လာတဲ့အသံတွေကြောင့် သူ့ကိုဆွဲထားတဲ့ကိုယ်လေးကတုန်သွားတယ်။
"နော်...ကိုကို....."
အော်...ခက်ပါရဲ့ ကလေးရယ်.....။မင်းကကိုယ့်အပိုင်ပါဆို သူများလက်ထဲထည့်ပေးစရာလား။ ရှောင်ကျန့် လေပူတစ်ချက်မှုတ်ထုတ်ရင်းသူ့ကိုဆွဲပြီး တောင်းဆိုနေတဲ့ ကလေးငယ်ကို အပြုံးတစ်ခုနဲ့အုပ်မိုးကြည့်လိုက်တယ်။
"ကလေး..."
"......"
"မေ့နေပြီလား....မင်းလေးက.... ကိုယ့်အပိုင်ဆိုတာကို"
"ဟင်!"