အပိုင်း-၁

2.3K 121 3
                                    

Zawgyi [ပြဿနာရဲ့ရင်းမြစ်]
__________________________

[ရှေ့ရေးအတွက် တော်တော်ရင်လေးမိတယ် အိန်း ကျနော်က ပေါက်စီတွေမရှိတော့ ရင်ပေါ့မိတယ်ပေါ့ဗျာ]
___________________________
*************************

ကျနော်နာမည် ကင်ထယ်ယောင်း အိန်း အရမ်းချော အရမ်းလဲချစ်ဖို့ကောင်းတာကိုတော့ မပြောတော့ပါဘူး သိနှင့်ပြီး ဖြစ်မှာပါ xd

ပျိုတိုင်းကြိုက်တဲ့ နှင်းဆီကိုင်ဖြစ်တာကြောင့် ပွေတယ် ရီစားတွေလဲစိတ်ကြိုက်တွဲတယ် များသောအားဖြင့် လေဒီအကိတ်လေးတွေ ဒါမဲ့ ခုထိ ကျနော်နဲ့အဆင်ပြေမယ့်သူ မတွေ့သေးဘူးဗျ:(

အာ့တာက ပြသနာမဟုတ်ပါဘူး အချိန်တန်ရင် လုံးကြီးပေါက်လှမယ်မဒီ လေးနဲ့ဘဲညားမှာ:)

အဓိက ပြသနာက ကျနော့်ကို အသဲအသန် လိုက်ကြိုက်နေတဲ့သူ အသေရရ အရှင်ရရ လိုချင်နေတာ အာ့လိုလူမျိုးက မဒီအကိတ်လေးဆိုရင် ကျနော် နှစ်ခါမစဉ်းစား ခုဟာက ကျနော့်အတွက် တော်တော့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ် သူကတော့...

"ပတ်ဂျီဟွန်း!!!"

နောက်ကျတဲ့ ခြေထောက်သစ္စာဖောက် ဟုမှတ်ယူကာ ခြေထောက်ကိုမော်တာတပ်ပြီး အမြန်ပြေးရသည်

"ထယ်ယောင်း!! စောင့်ဦးလေ"

ဒါတောင် သူက အသံပြဲကြီးနဲ့ အော်ခေါ်ကာ ပြေးလိုက်လာသေးသည်
အမေ အဖေ ရှိသမျှနတ်အပေါင်းတို့ကို တကာ တစ်ချက်မှ လှည့်မကြည့်ဘဲ မိရင်အ​သေဘဲဟု မှတ်ကာ ပြေးရသည်

ဟုတ်ပါတယ် ကျနော့်ရဲ့ ပြဿနာက သူပါဘဲ
................................................

ကျနော့်ဆီကို မက်ဆေ့ တွေပို့လာတယ် ပန်းစည်းလေးတွေ ပို့လာတယ် ကျနော် တော်တော်ဘဝင်မြင့်ခဲ့တာ မိန်းကလေးတန်မယ့် ကျနော့်အပေါ် တော်တော်စွဲလန်းနေရှာပါလား ဆိုပြီး

တစ်နေ့တော့ သူကျနော့်ကိုချိန်းလေတော့သည် ပြောစရာရှိတယ် ဆိုပြီး မထူးဆန်းပါဘူး ဒီလိုဖြစ်မယ်ဆိုတာ ကြိုသိပြီးသား
အဖြေတန်းပေးမလို့လဲ စဉ်းစားပြီးသား သူ့ခင်မျာ မိန်းကလေးတန်မယ့် ကျနော့်ကိုလိုက်ပိုးနေရရှာတာလေ:(

Can I Be Your Boyfriend?|KV|Where stories live. Discover now