Part 44

4.1K 218 7
                                    

Zawgyi
~~~

မန္တလေး၌-
မအိပ်နိုင်မစားနိုင်ဖြစ်ကာနေ့တိုင်းဖုန်းလေးတမျှော်မျှော်နဲ့ကိုယ်တိုင်ကျမဆက်ရဲဘဲချစ်သူကိုအရမ်းသတိရနေတဲ့သူကတော့'သော်သော်'ပါပဲ။

"မြေးညောင်းနေရောပေါ့...သွားနားတော့လေ...ဘွားကိုပြုစုပေးတာကျေးဇူးပဲနော်"

ညအိပ်ခါနီး'သူသူ့'အဘွားကိုအညောင်းပြေအောင်'သော်သော်'နှိပ်ပေးနေလေသည်။

"မလိုပါဘူး ဘွားရဲ့...ဘွားကိုပြုစုပေးရတာ 'သော်'တောင်ကုသိုလ်ရသေးတယ်"

"သာဓုပါကွယ်...ဒါနဲ့ မြေးသော်..."

"ရှင်"

"မြေးသော်နဲ့မြေးလေးတို့ဘာလို့ပြန်မခေါ်ကြသေးတာလဲ...ဟင်...မြေးတို့ဒီလိုအဆင်မပြေတော့ ဘွားစိတ်မကောင်းဘူးကွယ်"

"သော် တောင်းပန်ပါတယ်"

"မြေးသော်တို့လက်ထပ်တဲ့နေ့တုန်းကဘွားဆုံးမခဲ့တာတွေမှတ်မိတယ်မဟုတ်လား...လက်ထပ်တယ်ဆိုတာအချစ်တစ်ခုထဲနဲ့မရဘူးလို့...အဲ့ဒီတော့ မြေးတို့တွေကအပြန်အလှန်လိုအပ်ချက်တွေကိုနားလည်ပေးရမှာလေ...မြေးသော်တို့ကချစ်လွန်းလို့လက်ထပ်ထားတာလေ...ဒီလိုတစ်ယောက်နဲ့တစ်ယောက်မခေါ်ကြတော့ အကုန်လုံးစိတ်ဆင်းရဲရတယ်...မြေးတို့ကိုယ်တိုင်လဲစိတ်ဆင်းရဲရတယ်...ဘွားတို့တွေကော စိတ်ဆင်းရဲရတယ် မြေးရဲ့"

"တောင်းပန်ပါတယ်...ဘွားတို့ကိုစိတ်ဆင်းရဲအောင်လုပ်မိလို့ သမီးတကယ်ကိုတောင်းပန်ပါတယ်နော်"

"မြေးတို့ဘာကိစ္စနဲ့အဆင်မပြေလဲမသိပေမယ့်...တကယ်လို့ ဘွားမြေးလေးကြောင့်ဆိုရင်ဗွေမယူပါနဲ့ မြေးရယ်...'သူသူ'ကအခုထိကလေးဆန်နေသေးတော့ သူအမှားလုပ်မိတယ်ဆိုရင်ခွင့်လွှတ်ပေးပါ...ဘွားမြေးကကလေးဆိုးဆိုးနေတုန်းဆိုတာ ဘွားသိပါတယ်...သူ့ကိုနားလည်ပေးလိုက်ပါ မြေးသော်ရယ်...နော်...ဘွားမြေးလေးကသူချစ်တဲ့သူတွေအပေါ်ဆို အရမ်းဆိုးတတ်တယ်...သူဆိုးခဲ့ရင်လဲ အဲ့ဒါမြေးသော်ကိုချစ်လို့ဆိုးတဲ့သဘောပါ...အဲ့ဒါကြောင့် ဘွားမြေးလေးကိုနားလည်ခွင့်လွှတ်ပေးပါကွယ်...သူက မြေးသော်ကိုသိပ်ချစ်ရှာတာပါ"

Don't say love me (ချစ်တယ်လို့မပြောနဲ့) Uni+ZawWhere stories live. Discover now