《 Young 》

12.1K 1.1K 37
                                    

ရှောင်ကျန့် ! ရှောင်းရှောင်းကျန့် ! ရှောင်ကျန့် ရားး

ကျောင်းပိတ်ရက်ဖြစ်တဲ့စနေနေ့မနက်စောစော
၇နာရီလောက်မှာအိမ်အောက်ထပ်ကနေဖင်ပြဲအောင်
အော်နေတဲ့ကောင်ကတစ်ကယ်ကျက်သရေတုံးတဲ့
ကောင်ပဲ

ဟုတ်တယ် ဝမ်ရိပေါ်ကရှောင်ကျန့်ရဲ့ကျက်သရေတုံး
လေး

"အောက်ကနေဒီလောက်အော်နေတာကိုမထနိုင်သေးဘူးလား" ရိပေါ်ကစောင်အောက်ကနေလွတ်ထွက်နေတဲ့သူ့ခြေထောက်နှစ်ချောင်းကိုဆွဲချလို့ပြောလာတယ်

"ရိပေါ် မရှုပ်စမ်းနဲ့ငါအိပ်ဦးမှာ"

"အပြင်သွားမယ်လို့ ကျောင်းပိတ်ရက်ကြီးဘာလို့
အိပ်နေမှာလဲ ထဗျာ"

"ကျောင်းပိတ်ရက်မို့အိပ်တာပေါ့
မထဘူးဟေ့ကောင် မင်းဘာမင်းသွား"

"မင်းမထရင် ငါခုချီတော့မှာနော်"

"ဟာ ဒီသောက်..."

"မင်း မင်းရိုင်းလိုက်တာ"

ရှောင်ကျန့်ကရိပေါ်ဆွဲချထားလို့ကုတင်အောက်
တစ်ဝက်ရောက်နေပီဖြစ်တဲ့သူ့ခြေထောက်ရှည်ရှည်
တွေကိုဆွဲယူပီးငုတ်တုတ်ထထိုင်ပစ်လိုက်တယ်

"အေးအေး ငါကရိုင်းတယ်ဟုတ်လား ငါမင်းထက်
၂နှစ်ကြီးတာကိုဘယ်တော့မှမရိုသေတာကြတော့
ရော ကောလို့ခေါ်စမ်း ဝမ်ရိပေါ် ခေါ်ကြည့်လိုက်စမ်း"

"ချီးတောင်ခေါ်မနေဘူး"

ရှောင်ကျန့်ကဝမ်ရိပေါ်အတွက်သူလိုချင်တာရှိတဲ့
အချိန်တွေဆိုရင်"ကိုကို"ဖြစ်တတ်ပီး
ကျန်တဲ့အချိန်တွေမှာတော့ဆဲဖော်ဆဲဖက်သူငယ်ချင်း
ကောင်လေးဖြစ်တယ်

ရိပေါ်နဲ့စတွေ့တဲ့နေ့ကမှတ်မှတ်ရရပဲ သူခြံထဲမှာ
ကစားနေခဲ့တာအဲ့ဒီအချိန်တုန်းကသူ့အသက် ၈နှစ်
ဆိုတော့ရိပေါ်က၆နှစ်သားလေးပဲရှိဦးမယ်

ဝက်ဝံရုပ်လေးပိုက်ထားတဲ့ပါးမို့မို့အိအိတွေနဲ့ကောင်
လေးကသူတို့ခြံတံခါးရှေ့မှာသူ့ကိုရပ်ကြည့်နေတာ

ဝက်ဝံရုပ်လေးပိုက်ထားတဲ့ပါးမို့မို့အိအိတွေနဲ့ကောင်လေးကသူတို့ခြံတံခါးရှေ့မှာသူ့ကိုရပ်ကြည့်နေတာ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
𝐘𝐨𝐮𝐧𝐠 , 𝐃𝐮𝐦𝐛 & 𝐀𝐝𝐨𝐫𝐚𝐭𝐢𝐨𝐧 (Completed)Where stories live. Discover now