[ Uni ]
"ကလင်ကလင်~~"
စက်ဘီးသံနှင့်အတူသတင်းစာတစ်စောင်အိမ်ရှေ့ရောက်လာသည့် "ဘုတ်" ဆိုသည့်အသံပြီးမကြာမီ
သူအိမ်တံခါးဖွင့်ကာ သတင်းစာကိုကောက်ယူလိုက်သည်။ မှတ်မှတ်ရရအခန်းထဲကစားပွဲအပုလေးပေါ် လှမ်းကြည့်လိုက်မိတော့ သတင်းစာရှစ်စောင်၊သူဒီမြို့လေးကိုရောက်တာ တစ်လပြည့်ပြီဖြစ်သော်လည်း
တစ်ပတ်တစ်ခါပို့သည့်သတင်းစာအတွက် ရှေ့ကလေးစောင်မှာ အရင်အိမ်ရှင်ချန်ခဲ့ခြင်းဖြစ်မည်။ရှောင်းကျန့်ဆိုတဲ့သူဟာ တစ်ကိုယ်တည်းသမားဖြစ်ပြီးနောက်ပိုင်း တရုတ်ပြည်မှထွက်ခွာလာခဲ့ပြီး
ပြင်သစ်နိုင်ငံ ပါရီမြို့၌ လအတော်ကြာနေခဲ့သည်။ယခု လော်ရီသို့ပြောင်းလာခဲ့သည်မှာ တစ်လပင်ရှိသေး၏။
ပြင်သစ်ရဲ့ငြိမ်ဆိတ်ရာ လော်ရီက
လူနေမကြပ်တည်းသလို ချစ်စရာလဲကောင်းသည်။
လည်ပတ်စရာကတော့ပန်းခြံနဲ့ဘုရားကျောင်း ပြတိုက်အချို့ရှိသည်။
သည်မြို့ကလေးမှာတော့လအတန်ကြာအောင်နေဖို့
ရှောင်းကျန့်စိတ်ကူးမိသည်။အတွေးတို့လက်စသတ်ကာ မနက်စာကို ကော်ဖီ
တစ်ခွက် ၊ ဂျုံကြမ်းပေါင်မုန့်တစ်ချပ်နှင့်ပြည့်စုံစေလိိုက်၏။တစ်ခါတရံတော့ တရုတ်အစားစာများကိုလွမ်းသလိုရှိသည်။ တရုတ်အစားအစာ နှင့် တရုတ်ယဥ်ကျေးမှုတို့က နိုင်ငံတော်တော်များများကိုလွှမ်းမိုးပြီးသားဖြစ်ပေမဲ့ အမေဖြစ်သူချက်ကျွေးတဲ့ စီချွမ်ဖက်ထုပ်ပူပူလေးကတော့ တစ်ကမ္ဘာလုံးမှာ တစ်ပွဲပဲရှိလိမ့်မည်။
ရှောင်းကျန့်တကယ်လွမ်းပါတယ်။
မီးပုံးအနီကလေးတွေချိတ်ဆွဲလေ့ရှိတဲ့အိမ်။
နွေးထွေးတဲ့အိမ်ကလေးကိုလေ...။အတွေးတို့ကိုလက်စသတ်လိုက်ပြီး
ရှောင်းကျန့် ခြံထဲဆင်းကာ ပတ်ဝန်းကျင်ကို ငေးကြည့်နေမိသည်။
နေသာပြီး ရာသီဥတုအခြေအနေလည်း ကောင်းတာကြောင့် သံချေးညိုရောင် စက်ဘီးလေးကို ခပ်ဖြေးဖြေးစီးကာမြို့ထောင့်နားကဘုရားကျောင်းအသေးလေးဆီထွက်လာခဲ့သည်။စက်ဘီးခြင်းထဲမှာ ပန်းအချို့နှင့် သူကိုယ်တိုင်ဖုတ်ခဲ့တဲ့ ချောကလက်ကွတ်ကီးမုန့်တွေထည့်ခဲ့ဖို့တော့ မမေ့ခဲ့ပေ။
![](https://img.wattpad.com/cover/218313830-288-k490988.jpg)
YOU ARE READING
Secretive Loire Valley
Romance- The Loire Valley where I want to fall in someone's brown eyes - - Le Val de Loire où j'ai envie de tomber dans les yeux marrons de quelqu'un -