Chapter - 4

2.1K 275 5
                                    

Please try this beautiful song
" New Home"

[ Uni ]

အလယ်လတ်တန်းစားမျှ ခမ်းနားသော
မင်္ဂလာပွဲက ဟောင်ကောင်မြို့လယ်၌ စည်စည်ကားကားကျင်းပနေသည်။

သူတို့သား၏ မျက်နှာကပြုံး​ပျော်ရွှင်နေသလို ၊
သူတို့သမီးမှာလည်း ကျေနပ်လောက်စရာအပြုံးတစ်ခု ဆင်မြန်းထား၏။

ဤအချင်းအရာကို ထောင့်ကျကျစားပွဲဝိုင်းက ၁၀နှစ်ခန့်ကလေးငယ်က မျက်လုံးအဝိုင်းသားလေးဖြင့်ကြည့်နေလျက် ၊ မကြာမီ သတို့သားအား ပြေးဖက်ငိုလေသည်။

၁၀နှစ်အရွယ်ကလေး၏ဦးနှောက်ထဲ မည်မျှကြောက်ရွံ့နေသည်မှာ အထင်းသား။

သတို့သားဖြစ်သူအား "ပါပါး ပါပါး"ဟု တတွင်တွင်ခေါ်နေသည့် ကလေးကြောင့် ပွဲလာဧည့်သည်များရဲ့လှုပ်လှုပ်ရှားရှား တီးတိုးပြောသံများက တစီစီ...။

" အရင်အိမ်ထောင်နဲ့ရတဲ့ကလေးမဟုတ်လား"

"မယားကြီးက ကျန်းမာရေးမကောင်းဘူးတဲ့ အခြေအနေသိပ်မဟန်ဘူးလေ"

"ကလေးကတော့သွားပြီ ဘဝသေပြီ"

စသည့် စသည့် ဝေဖန်သံများက ကလေးတစ်ယောက်အတွက် အတင်းအဖျင်းထက်ပိုသည့် စိတ်ဒဏ်ရာအချို့ဖြစ်သွားမည်မှန်း ထိုသူတို့မသိကြပေ။

"ပါး...မာမားအိမ်မှာစောင့်နေတယ်လေ ပါး"

"ငါ့ကိုအရှက်မခွဲနဲ့...သွား ဝေးဝေးမှာငြိမ်ငြိမ်သွားထိုင်နေ မင်းငါနဲ့လိုက်ခဲ့ရမှာ"

အံကြိတ်သတိပေးသံက နားထဲကို ခါးခါးသီးသီးပဲ
စီးဆင်းသွား၏။

"မာမားကိုရော"

ဖအေဖြစ်သူကား နီရဲနေသောမျက်အိမ်များဖြင့် ခပ်စောင်းစောင်းစိုက်ကြည့်လာတာကြောင့် ကလေးငယ်ငယ် ဇာတ်ကလေးပုကာ မျက်နှာငယ်လေးဖြင့် အခန်းပြင်သို့ထွက်လာခဲ့ရသည်။

အဆောက်ဦးရှေ့က ပလက်ဖောင်းပေါ် ငုတ်တုတ်ကလေးထိုင်ကာ တရှုံ့ရှုံ့ငိုနေမိသည်။
သူနားမလည်။ ပါပါးကဘာကြောင့် နောက်ထပ်တစ်ကြိမ်လက်ထပ်ရသလဲ ၊ မာမားကိုဘာကြောင့်ထားခဲ့ရသလဲဆိုတာ နားမလည်ပါ။

Secretive Loire ValleyWhere stories live. Discover now