Chapter - 3

2.4K 298 11
                                    

- I'm very pleasant if you listen Quite Resource -

[ Uni ]

ညမိုးချုပ်မှသောက်မိတဲ့ကော်ဖီကြောင့် ရှောင်းကျန့်အိပ်လို့မရသေးပေ။ နဂို အတွေးလွန်တတ်သည့်
အကျင့်က အခုဆို ညအိပ်ချိန်တွေကိုပါ နှောင့်ယှက်နေလေပြီ။

Chronic Insomnia ခေါ်နာတာရှည် အိပ်မပျော်သည့်ရောဂါမှာ ရှောင်းကျန့်အဖို့ ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုမရှိတာအံ့သြစရာပင်။

မိုးလင်းကာနီးမှ အိပ်ပျော်နေကျဖြစ်ပြီး
နေ့ခင်းအချိန်တွေမှာ ခဏတဖြုတ်ပြန်အိပ်တတ်သည်ကြောင့်လားတော့မသိ တစ်ခါတရံ မှတ်ဉာဏ်အချို့ကြောင့်ခေါင်းကိုက်တတ်သည်ကလွဲ၍ အခြားမရှိ။

ပါပါးနဲ့မာမားထွက်သွားသည်မှာ စောလွန်းလှသည်။
အိမ်ထောင်ကျပြီးကတည်းက အေးချမ်းမှုများနှင့်ပြည့်ခဲ့သည့် သူတို့အိမ်ကလေးကား ငြိမ်သက်သွားခဲ့တာ ရှစ်နှစ်ခန့်ကြာမြင့်ခဲ့ပြီ။

လွမ်းပါသည်။
ရှောင်းကျန့်က အငိုသန်တဲ့ ကလေးမလို့ ၊
ဝမ်းနည်းသည့်အခါတိုင်း ရှိုက်သံတို့နှင့်အတူမျက်ရည်ပေါက်များကထိန်းမရစွာ ပြိုကျမြဲ။

တော်ရုံမငိုသော်လည်း မိဘနှစ်ပါးကိုလွမ်းသည့်အခါတိုင်း ငိုမိသည်။

သည်ညလည်း ခိုကိုးရာမဲ့နေတဲ့ စိတ်ကို
အိပ်ရာအောက်ခုလို့ ရှောင်းကျန့်မျက်လုံးစုံမှတ်ကာ
အတင်းကြံစည် အိပ်ရတော့သည်။
ငိုပြီးနောက် မောသွားသည့်ဟန် အသက်ရှူသံညင်းညင်းဖြင့် အိပ်ခန်းလေးဟာလည်း ငြိမ်သက်သွားတော့သည်။

သူအားယူရအုံးမည်။ သေလားရှင်လားတောင်မသိလိုက်ရတဲ့ ညီငယ်ရဲ့အခြေအနေကိုမသိရမခြင်း ရှောင်းကျန့်အားယူရပါမည်။

သည်စိတ်နဲ့ သူ့ရဲ့မနက်ဖြန်တိုင်းကို
အပြာရောင်ဆေးတွေ သုတ်ခဲ့ပါသည်...။

***

မိုးစက်များက လော်ရီရဲ့ လမ်းကြားတွေထဲ တဖျောက်ဖျောက်။ ပြိုမလိုနှင့် တင်းခံနေသည့်မိုးပါပဲ။
ရွာချလိုက်ရမည့်အစား မိုးမလင်းမီကတည်းက ထိုကဲ့သို့ ရွာနေခြင်းပင်။ ပိုစိုစွတ်၍ ပိုအေးစေသည့်မိုး။

Secretive Loire ValleyWhere stories live. Discover now