*Don't forgot to listen
Clair de lune *[ Uni ]
အင်္ဂါနေ့ရဲ့
ညနေခင်းရာသီဥတုကတော့ သာမန်ထက်စိမ်းစိုကာ
တိမ်ထူတာကြောင့် ကောင်းကင်ဟာ ခပ်အုံ့အုံ့။ရှောင်းကျန့်ရဲ့ မြက်ခင်းခြံလေးထဲမှာ ခရမ်းချဥ်ပင်၊
စပျစ်နွယ်ပင်တွေနှင့် စိမ်းစိုနေသည်။
ခြံစည်းရိုး အဖြူပုပုလေးတွေနဲ့ အိမ်ရဲ့ အနောက်ဘက်မှာတော့ လယ်ကွင်းပြင်ကျယ်များနှင့်အတူ
ပြင်သစ်အခေါ်ကိုလ်ဇာ အင်္ဂလိပ်အခေါ် ကာနိုလာ ပန်းခင်းကြီးဟာလည်း ထည်ထည်ဝါဝါပင်။မီးဖိုချောင်ရဲ့ပြတင်းပေါက်မှ အိမ်အနောက်ဘက်က်ုကြည့်လျှင် လှန်းထားသည့် အိပ်ယာခင်း အထည်ဖြူဖြူများကြားမှ ပန်းခင်းအဝါကြီးနှင့် လယ်ကွင်းထဲ တစ်ခါတရံလွှတ်ထားသည့် မြင်းများကိုပင်တွေ့နိုင်သေး၏။
အိမ်နီးချင်းနည်းသည့်အတွက် အဖော်ဟုဆိုရလျှင်
ဘဘာဝရှုခင်းအမြောက်အများနဲ့ မွေးထားသည့်ကြောင်ကလေး ဂူးအာ သာရှိသည်။ရှောင်းကျန့်ဟာမပျင်းရပါဘူး။
နေ့တိုင်းလိုလို မြို့ရဲ့နေရာအချို့မှာအချိန်တွေကုန်ဆုံးစေလိုက်တာပဲ။သည်နေ့တော့ သူပျင်းသည်။
ပျင်းသည်ဆိုတာထက် နေမထိထိုင်မသာဖြစ်နေသည်ဆို ပိုမှန်မည်။အိမ်ရှေ့မျက်နှာစာက မှန်ပြတင်းပေါက်နားထိုင်ကာ
အဖြစ်အပျက်အချို့ကိုပြန်စဥ်းစားမိကာ ခေါင်းအသာယမ်း၍ ဂူးအာဆီအကြည့်အရောက်။"ဂျစ် ဂျစ် ဂျစ်" ဆိုသည့် ကုတ်ဖဲ့သံ အဆုံးတွင်
ဂူးအာ၏ လက်သည်းသွေးမှုကြောင့် ဖတ်လက်စ စာအုပ်လေးဟာ စိတ်ဝင်စားစရာစာမျက်နှာမှ တည့်တည့်ကျကာ စုတ်ပြဲသွားလေသည်။စိတ်ဝင်စားစရာ ကိုပင်ဆက်မဖတ်နိုင်လောက်အောင် စာအုပ်ကြီးဖွင့်ရက် တွေးတောနေမိသည်မဟုတ်လား။ ယခုတော့ ဂူးအာလက်ချက်ကြောင့် ဒုက္ခတစ်ခုထပ်တိုးသွားရတော့သည်။
"Milala de la Loire"
စာအုပ်နာမည်ဟာအထူးတဆန်း
ပန်းဆိုင်တစ်ဆိုင်ရဲ့အကြောင်းသက်သက်ပါပဲ။
စာမျက်နှာဟာ ၆၀ကျော်သာပါဝင်၏။

YOU ARE READING
Secretive Loire Valley
Roman d'amour- The Loire Valley where I want to fall in someone's brown eyes - - Le Val de Loire où j'ai envie de tomber dans les yeux marrons de quelqu'un -