Jeon Jung Kook 's POV
လွန်ခဲ့တဲ့ ၂ရက်က အကိုပြောခဲ့တဲ့စကားတွေကို
သေချာစဉ်းစား နေမိသည်။/ ငါ့ဘဝ မှာ ဒီလောက် ဆိုးဝါးတဲ့သူမျိုး
ခုမှမြင်ဘူးတယ် /အကို့အသံကို ခုထက်ထိ ကြားယောင်နေတုန်း။
ဆိုးဝါးတဲ့သူ?
ငါက အဲ့လောက်ဆိုးဝါးနေလို့လား
တွေးလိုက်တိုင်း ရင်ထဲတဆစ်ဆစ်နဲ့မို့ မျက်ရည်က အလိုလိုဝေ့တတ်လာသည်။" ဟေ့ကောင် ဂျောင်ဂု
မင်ဂု ပါလာတယ် "ပြောရင်း နဲ့ ယုဂွန် နဲ့ မင်ဂုတို့နှစ်ယောက် ကျောင်းဝတ်စုံနဲ့ အခန်းထဲ ဝင်လာကြသည်။
အကိုနဲ့ ပြသာနာ ဖြစ်ပြီးတဲ့ ညထဲက မေမေ့ကို နေလို့မကောင်းလို့ပြန်နှင့်ပြီ ပြောပြီး ယုဂွန်တိုက်ခန်းမှာ လာနေ နေတာ၊ယုဂွန်ရဲ့ အဖေနဲ့အမေက နိုင်ငံခြားမှာ ၊ ယုဂွန်က အဒေါ် နဲ့ နေတာ ဖြစ်ပြီးတော့ ထိုအဒေါ်မှာလည်း နိုင်ငံခြားခရီးသွားဝန်ဆောင်မှုကုမ္မဏီ တစ်ခု ရဲ့ ဌာနမူးဆိုတော့ အိပ်ကပ်တယ်ဆိုတာမရှိ။ အမြဲတမ်း ခရီးတွေပဲ သွားနေရတာနဲ့ ယုဂွန်အိမ်က သူတို့သုံးယောက်အတွက် နိဗ္ဗာန်ဘုံ။ စိတ်ညစ်တိုင်း ဒီကိုပဲ လာဖြစ်သည်။ခုလည်း မနက်က အရေးကြီးတဲ့
Mid-term တစ်ခုရှိတာကို သွားမဖြေပဲ အိမ်မှာပဲနေခဲ့ခြင်း။ ယုဂွန် ကအတင်းခေါ်သော်လည်း
မလိုက်ဘူး ဆိုပြီး ဘူးခံငြင်းကာ နေခဲ့ခြင်းဖြစ်သည်။ Mid-term တောင် လာမဖြေတဲ့ သူ့ကို
မင်ဂုကလည်း စိတ်ပူလို့နဲ့တူတယ်။" ဟျောင့် ဘယ်လိုဖြစ်တာလဲ
Mid-term တောင် လာမဖြေဘူး ''မင်ဂုက သူထိုင်နေတဲ့ ကုတင်ဘေးမှာ ဝင်ထိုင်ရင်း မေးသည်။
" အေးကွာ ဒီတိုင်း
စိတ်ရှုပ်နေလို့ ''" ဟာ ဟေ့ကောင် ငိုနေတာလား ''
မျက်ခမ်းစပ် နားက စို့နေသော မျက်ရည်စ များကို ယုဂွန် က မြင်သွားပုံရသည်။
" ဟားဟား ဟား
ဂျွန်ဂျောင်ဂု ကငိုတယ် ဟားဟား
ဟေ့ကောင် ငိုမနေစမ်းနဲ့ အခြောက်မကြီး ကျလို့ ''" မင်းမေလင် ကို အခြောက် ''
ပြောနေရင်း ကုတင်ပေါ်မှာ ခွက်ထိုးခွက်လန်ရီ နေသေးသည်။
မင်ဂုကတော့ သူ့ကို အဆင်ပြေရဲ့လား ဆိုသည့်သဘောနဲ့ကြည့်လျက်။
YOU ARE READING
" QUITE Doctor "
Romance" ထူးချွန်တဲ့ပါရဂူတစ်ယောက်ဖြစ်ဖို့က အချစ်တွေ မေတ္တာတွေ ထက် ပိုအရေးကြီးတယ်။ " ဒေါက်တာ ကင်မ်ထယ်ယောင်း " ချစ်ခြင်းမေတ္တာဆိုတာတွေကို အယုံအကြည်မရှိခဲ့ဘူး။ အကိုနဲ့ မဆုံတွေ့ခင်အထိပေါ့ " ဂျွန်ဂျောင်ဂု TAEKOOK KOOKV Both Unicode & ZawGyi Version _____...