" ငါ ထင်တောင်မထင်ထားဘူး
မင်းဖြစ်နေလိမ့်မယ်လို့ "အံ့သြနေတဲ့ မျက်လုံးလေးတွေက အခုချိန်ထိ
ဝိုင်းစက်စွာပြူးကြည့်နေသေးသည်။" ဟုတ်တယ် ၁ပတ်လောက်ရှိပြီ ဒီရောက်တာ
ထယ့်ကျောင်းကိုလာပြီး Surprise လုပ်မလို့
အသိမပေးခဲ့တာ "" ခုတော့ မထင်မှတ်ပဲ ဆုံသွားတယ်ဆိုပါတော့ "
ရုပ်တည်ကြီးနဲ့ နောက်ပြောင်သည့် အကျင့်က
ခုထိ ရှိသေးသည်။ ခုနက ဆူပုတ်ပုတ်နဲ့ မျက်နှာလေးမဟုတ်တော့ပဲ လူကြီးဆိုက်ဒ် မျက်နှာထား
ခပ်တည်တည်နဲ့ သူ့ကိုပြောလာသည်။" အင်း ဆိုပါတော့ "
ရီချင်နေပေမယ့် စိတ်ချမ်းသာစေရန်
ထယ့်စကားကို Follow လိုက်ပြီး ခေါင်းညိတ်
ပြန်ဖြေမိသည်။" ဓာတ်ခွဲခန်းကို လာတာ ကိစ္စရှိလို့လား? "
" ဟုတ်တယ် စာတမ်းအတွက်
ဘက်ခါအပြီးတင်ရမှာလေ "" သြော် ဒီဆေးတွေလား?
ကိုယ် ကူညီပေးမယ်လေ
ထယ် ခွင့်ပြုမယ်ဆိုရင်ပေါ့ "" Omo! တကယ်လား
အဲ့လိုဆိုရင်တော့ အကောင်းဆုံးပေါ့
ငါက မင်း အလုပ်ရှုပ်နေမယ်ထင်လို့
ဟီးဟီး "" တခြားသူတွေအတွက်တော့ ရှုပ်တယ်
ထယ့်အတွက်တော့ အားတယ် "သူ့ခံစားချက်တွေကို ရိပ်မိစေရန် မသိမသာလေး
အနှောင့်အသွား မလွတ်သော စကားမျိုး ကို
ပြောမိသည်။ ထယ်သူ့အပေါ်ဘယ်လိုစိတ်ထားလဲဆိုတာ သိချင်မိသောကြောင့်လည်းပါသည်။" ဒါဆို ဝိုင်းကူပေးပါဦး ဘိုဂမ်
ငါ ဒီဘက်မှာ စာတမ်းအတွက် စာဖတ်လိုက်ဦးမယ်နော် "ထုံးစံအတိုင်းပါပဲ။ သူ့ဘက်က အဲ့လိုစကားတွေပြောတိုင်း မသိချင်ယောင်ဆောင်ကာ ထယ်က
အမြဲလျှောချသွားစမြဲ။ မင်းကိုချစ်ရတာလဲလွယ်မနေပါလား ထယ်ရယ် ။ ခဏနေတော့ ထယ့်
အဖွဲ့ဝင် အမျိုးသမီးဆရာဝန်နှစ်ယောက်က
ကော်ဖီ သွားဝယ်ရာမှ ပြန်ရောက်လာသည်။
သူ့ကိုထယ်နဲ့ တွဲမြင်လို့လားတော့မသိ။ ပြုံးလျက် နူတ်ဆက်လာသည်။" Hello I'm Dannar , Dr.Kim 's fri "
" ဟဲ့ ဒန်နာ E လိုတွေမှုတ်မနေနဲ့
အဲ့ဒါ ကိုရီးယားပဲ ဒေါက်တာပတ်ခ်ဘိုဂမ်တဲ့
ဆေးဝါးဌာနက Research Doctor
ငါ့ သူငယ်ချင်း "
YOU ARE READING
" QUITE Doctor "
Romance" ထူးချွန်တဲ့ပါရဂူတစ်ယောက်ဖြစ်ဖို့က အချစ်တွေ မေတ္တာတွေ ထက် ပိုအရေးကြီးတယ်။ " ဒေါက်တာ ကင်မ်ထယ်ယောင်း " ချစ်ခြင်းမေတ္တာဆိုတာတွေကို အယုံအကြည်မရှိခဲ့ဘူး။ အကိုနဲ့ မဆုံတွေ့ခင်အထိပေါ့ " ဂျွန်ဂျောင်ဂု TAEKOOK KOOKV Both Unicode & ZawGyi Version _____...