ဒီနေ့က သားအိမ်ခေါင်းကင်ဆာ လူနာ
တစ်ယောက် ကို ခွဲစိတ်ပေးရမယ့်နေ့။
ထို့အပြင် မကြာခင် အလုပ်သင်ဆင်းရတော့မည့်
ဆေးကျောင်းသား အုပ်စု တစ်စုကလည်း
ခွဲစိတ်မှု လေ့လာရန်ရောက်နေကြသဖြင့် သားဖွားမီးယပ် ဌာန၌ အားလုံးအလုပ်ရှုပ်
နေကြသည်။ဆေးကောင်တာဘေးက ခုံတန်းရှည်တစ်ခုမှာ အတန်းလိုက်ထိုင်ကာ ခွဲစိတ်ခန်းဝင်ရမည့်
အချိန်ကို စောင့်ဆိုင်းနေကြသော ကျောင်းသားတစ်စု။ ထိုစဥ် သူနာပြုဆရာမလေးတစ်ယောက်က ကုသဆောင်ကနေ ထွက်လာပြီး" ခဏနေ ဒေါက်တာကင်မ်ရောက်တာနဲ့
စခွဲတော့မှာမို့ ခွဲစိတ်ခန်းဝတ်စုံဝတ်ပြီး
အထဲမှာစောင့်လို့ရပါပြီ "သူနာပြုဆရာမလေးရဲ့ စကားကြောင့် ကျောင်းသား ကျောင်းသူများတစ်စု
လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး
သူနာပြုဆရာမလေးခေါ်ဆောင်ရာနောက်
လိုက်သွားကြသည်။.....................................
{ ခွဲစိတ်ခန်းအတွင်း }
" ဟဲ့ အခုခွဲစိတ်မှုတာဝန်ခံ ဒေါက်တာကင်မ်
ထယ်ယောင်းက အရမ်းတော်တာတဲ့ "" ဟုတ်လား နင်က ဘယ်လိုသိ? "
" ဟာ နင်ကလည်း ဟိုတစ်ခါငါတို့ ကို
Lecture ဝင်သင်သွားတဲ့ ဒေါက်တာ ပတ်ခ်ဘိုဂမ် လေ သူပြောပြတာ ပြီးတော့ သူတို့နှစ်ယောက် က သူငယ်ချင်းတွေတဲ့ "" ဟုတ်လား ချောလားဟဲ့ ဒေါက်တာက "
" အမယ်လေး ချောတာမှ သန့်နေတာပဲတဲ့
လုံးဝတည်ကြည် ပြီး ချေမိုးနေတာတဲ့ "" အဲ့ဒါ ကရော ဒေါက်တာပတ်ခ်ဘိုဂမ်
ပြောတာပဲလား "" ဒေါက်တာပတ်ခ်ဘိုဂမ် က အဲ့လိုပြောမလား
ယောကျာ်းလေးအချင်းချင်းကို နည်းနည်းပါးပါး စဥ်းစား လေ "ဆေးကျောင်းသူ မိန်းကလေး နှစ်ယောက်
တွတ်ထိုးနေကြသည်ကို နောက်ထပ် ဆေးကျောင်းသား
ကောင်လေး တစ်ယောက်က ဝင်ပြောသည်။" ဟဲ့ နင်ဘာမှ မသိဘဲ ဝင်မပြောစမ်းပါနဲ့
ကောင်စုတ်ရဲ့ ဒေါက်တာပတ်ခ်ဘိုဂမ် က
အဲ့လိုမပြောပေမယ့် သူ ဒေါက်တာကင်မ်ထယ်ယောင်းအကြောင်းပြောတုန်းက သူ့မျက်နှာက
ငါတို့ကြည့်ရုံနဲ့သိတယ် ပြုံးပြီးပြောနေတာများ
အမယ်လေးလေး အာရီးဂူး "
YOU ARE READING
" QUITE Doctor "
Romans" ထူးချွန်တဲ့ပါရဂူတစ်ယောက်ဖြစ်ဖို့က အချစ်တွေ မေတ္တာတွေ ထက် ပိုအရေးကြီးတယ်။ " ဒေါက်တာ ကင်မ်ထယ်ယောင်း " ချစ်ခြင်းမေတ္တာဆိုတာတွေကို အယုံအကြည်မရှိခဲ့ဘူး။ အကိုနဲ့ မဆုံတွေ့ခင်အထိပေါ့ " ဂျွန်ဂျောင်ဂု TAEKOOK KOOKV Both Unicode & ZawGyi Version _____...