1

577 57 4
                                    

zawgyi

• နွေဦးရဲ့ ပထမ•

" ရိပေါ် ငါ့ဆီလာဦး "

ကောင်တာမှ အစ်ကိုဖြစ်သူရဲ့ ခေါ်သံကြောင့် လူရှင်းတုန်း စားပွဲခုံလေးတွေ သုတ်နေတဲ့ ရိပေါ် သူ့ဆီ အပြေးသွားလိုက်သည်။

" ပြော.. "

" ဒါလေး သွားပို့ပေးပါဦး "

သူ့လက်ထဲ ထိုးပေးလာတဲ့ ဘူးလေးကို ရိပေါ် ယူလိုက်သည်။ နာရီကြည့်မိတော့ ၉နာရီလောက်မို့ ဆိုင်မှာ လူရှင်းနေဦးမည်။

" ၀မ်လေး မြန်မြန် ပို့ပြီးလာခဲ့မယ်နော်.. "

ဘူးပေါ်မှာ ကပ်ထားတဲ့ နေရပ်လိပ်စာလေးကလည်း သိပ်မဝေးတာမို့ ရိပေါ် အမြန်သာ ဆ်ုင်ရှေ့ပြေးထွက်လာလိုက်သည်။

ဆိုင်ရှေ့အရောက် AUTUMNဆိုတဲ့ ဆိုင်းဘုတ်လေးကို ကြည့်ပြီး ပီတိဖြစ်ရပြန်သည်။ ကဖေးဆိုင်လေးက သူနဲ့ အစ်ကိုလျှန်နဲ့ ပေါင်းဖွင့်ထားတာလေး နှစ်ယောက်လုံးက မိဘမဲ့ ဂေဟာမှာပဲ ရင်းနှီးခဲ့ပြီး တကယ့် ညီအစ်ကို အရင်းတွေလိုပဲ။ AUTUMNလို့ ဆိုင်တာမည်ပေးထားတာကလည်း အစ်ကိုလျှန်နဲ့ သူနဲ့ စတင်တွေ့ဆုံတာ ဆောင်းဦးမှာမို့လို့။

ဆိုင်ရှေ့ ခုံတန်းလေးမှာ ရပ်ထားတဲ့ စက်ဘီးကို ဒေါက်ဖြုတ်ကာ လက်ထဲမှ ပါဆယ်ဘူးလေးကို စက်ဘီးခြင်းထဲ ထည့်လိုက်သည်။

စက်ဘီးပေါ်တက်ကာ ခပ်ဖြေးဖြေးပဲ နင်းလာလိုက်သည်။ လမ်းပေါ်မှာ ကြွေကျနေတဲ့ သစ်ရွက်ဝာတွေက်ုမြင်တော့ ရိပေါ် ပြုံးမိသေးသည်။ ရိပေါ်က ဆောင်းဦးကို သိပ်ကြိုက်တာလေ။

ရိပေါ် လိပ်စာအတိုင်း လမ်းကြားလေးထဲ ချိုးဝင်လိုက်သည်။ သာမာန်လူတန်းစားတွေလောက် နေတဲ့ ရပ်ကွက်မို့ ခြံလေးတွေက တစ်ခုနှင့် တစ်ခု ၃ပေလောက်သာ ခြားမည်။

လိပ်စာပါ နေရာသို့ ရောက်တော့ ရိပေါ်စက်ဘီးလေးကို ရပ်ပြီး ဒေါက်ထောက်လိုက်သည်။ လိပ်စာအတိုင်းဆိုလျှင်တော့ သူရှေ့က တိုက်ခန်းပေါ် တက်ရလိမ့်မည်။

ခပ်မြန်မြန်ပင် လှေကားအတိုင်းတက်လာပြီး အခန်း203 အရှေ့မှာ ရပ်ကာ ဘဲလ်တီးလိုက်သည်။

Last SummerWhere stories live. Discover now