zawgyi
• နွေဦးရဲ့ ၄ရက်မြောက် •
ရိပေါ် အိမ်ထဲမှ ကုပ်ချောင်းကုပ်ချောင်းနှင့် ထွက်လာလိုက်သည်။ မတော်ကာ အမည်းကောင်နဲ့ တွေ့မှဖြင့်။
အိမ်ထဲကနေ ခြေလှမ်းကျဲကျဲတွေနဲ့ ထွက်လာတဲ့ ရိပေါ်က တစ်ခုခုကို စိုးရိမ်နေသလို။
" ဟိတ် "
အနောက်မှ အသံကြားကာမှ သုတ်ခြေတင် ပြေးရင်ပြင်သော်လည်း လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားတာကြောင့် ပြေးလို့မရ။
ရိပေါ် မျက်မှောင်ကျုံ့ကာ အနောက်သို့လှည့်လိုက်သည်။ ပြီတီတီ မျက်နှာဘေးနဲ့ အမည်းကောင်က ရိုက်သတ်ချင်စရာရုပ်။
" ဘာလဲ! ကျွန်တော်နဲ့ ခင်ဗျားက ဘာရန်ငြိုးမှ မရှိဘူးနော်.. ပန်းသီးလို့ ခေါ်ရဲခေါ်ကြည့် ဆောင့်ကန်မှာ!! လွှတ်ဦးလက်! "
ရိပေါ်စကားကို အမည်းကောင်က ဂရုမစိုက်သလိုနဲ့ ပုခုံးတွန့်ပြပြီး ဆွဲထားတဲ့ လက်ကိုလည်းမလွှတ်။
" မင်းကို ကိုယ်က ကမ်းလှမ်းစရာရှိလို့လာတာ.. မင်းကိုယ့်ရဲ့ ပန်းချီမော်ဒယ်လုပ်ပေးမလား? "
" မလုပ်ပါဘူး အားအားယားယား သွားပြီ! "
ရိပေါ်ရဲ့ ရုတ်ချည်းစကားကြောင့် အမည်းကောင်ကတော့ ရင်ခံသွားသလို။ ကြောင်တောင်တောင်ဖြစ်နေသော အမည်းကောင်ကို လက်ပြကာ ထိုနေရာမှ ရိပေါ် ပြေးထွက်လာလိုက်သည်။ ကျပ်မပြည့်တဲ့ ကောင်။
~•~•
" ဟားဟား!! ဘာ.. စဉ်းတောင်မစဉ်းစားဘဲ ငြင်းသွားတာ!! "
ခုတင်ပေါ်ကနေ သေအောင်ရီနေတဲ့ ယူဘင်းကို ရိုက်သတ်ချင်သည်မှာ ရေခွက်ထဲ ရေထည့်နေသည့် လက်တွေတောင် တုန်ရသည်။
ရှောင်ကျန်း ရေဘူးကို စားပွဲပေါ်ချကာ ရေခွက်ထဲမှ ရေကိုသောက်လိုက်သည်။
" ရီမနေနဲ့!! တကယ်ပဲ!! ငါအရင်ကထင်တာ ကောင်လေးက အူတူတူပုံလေးဆိုတော့ ကြောက်ပြီးလက်ခံမယ်လို့ပေါ့.. အခုက သူ့တောင်ငါပြန်ကြောက်နေရတယ်.."
ရှောင်ကျန်းရဲ့ နောက်ဆက်တွဲစကားကြောင့် ယူဘင်းက သေအောင်အော်ရီနေသေးသည်။
ESTÁS LEYENDO
Last Summer