2

354 48 17
                                    

zawgyi

• နွေဦးရဲ့ ၂ရက်မြောက်.. •

ရှောင်ကျန်း လမ်းထိပ်က autumn cafeဆီသို့ လမ်းလျှောက်ထွက်လာလိုက်သည်။ ထုံးစံအတိုင်း All Black၀တ်ထားပြီး ဦးထုပ်အမဲကို ခပ်ငိုက်ငိုက်ဆောင်းထားသေးသည်။

နွေဦးမို့ စူးရှစွာ တောက်ပနေတဲ့ နေ့အလင်းရောင်က ရှောင်ကျန်းရဲ့ ခပ်ဖွေးဖွေးလက်ဖျံပေါ် ကျရောက်သည်။

" autumn.. "

ဆိုင်ဆိုင်းဘုတ်မှ နာမည်လေးကို ဖတ်မိပြီး ရှောင်ကျန်းပြုံးမိလိုက်သည်။ ခပ်သွက်သွက်ပင် ရှောင်ကျန်းရဲ့ ခြေထောက်သွယ်သွယ်လေးတွေက ဆိုင်ထဲသို့ ဦးတည်သွားသည်။

ရှောင်ကျန်း ထောင့်ကျကျ ၀ိုင်းတစ်ဝိုင်းမှာဝင်ထိုင်လိုက်သည်။

" ဘာများသုံးဆောင်ပါမလဲ? "

ချိချိုသာသာ အသံလေးကြောင့် ရှောင်ကျန်း ဦးထုပ်ကို ချွတ်ကာ စားပွဲပေါ်တင်လိုက်သည်။

" ဟင်.. အမည်းကောင် "

အံ့သြသလို အသံလေးကြောင့် ရှောင်ကျန်းမော့ကြည့်မိတော့ ကောင်လေးက ပါးစပ်ကလေးကို လက်ဖြင့်အုပ်ကာ သူ့ကို ပြူးကြောင်ကြောင်လေး ကြည့်နေသည်။ တကယ်ပြောတာ ရှောင်ကျန်း ကောင်လေးရဲ့ မျက်လုံးလေးတွေကို သိပ်သဘောကျတာ။

အခု ကျောင်းမှာ မိန်းကလေးတွေ ၀ိုင်းဝိုင်းလည်နေတဲ့သူ့ကို အမည်းကောင်လို့ ခေါ်လိုက်တာလား။

" အဟမ်း.. Green Teaနဲ့ Chocolate Cake "

နှစ်ယောက်ကြားက တိတ်ဆိတ်နေသော လေထုကို ရှောင်ကျန်းရဲ့ စကားသံလေးနဲ့ ဖြိုခွင်းလိုက်သည်။

" ဟုတ်.. ခဏစောင့်ပေးပါနော် "

ကောင်လေးထွက်သွားတော့မှ ရှောင်ကျန်း ဆိုင်ကို ကြည့်မိသည်။ တစ်ဆိုင်လုံး ဘေးပတ်လည်ကို မှန်သားဖြင့် ပြုလုပ်ထသည်မို့ ညနေခင်း နေ၀င်ဆည်းဆာကို ကောင်းကောင်းလေးမြင်နေရသည်။

ရှောင်ကျန်း နောက်တစ်မျိုးစဉ်းစားမိသည်ကား အမြဲ ဒီဆိုင်မှာ ပန်းချီဆွဲမယ်ပေါ့။ တစ်နည်းအားဖြင့် ကောင်လေးလည်း သူ့ကိုသတိထားနိုင်တယ်လေ။

Last SummerWhere stories live. Discover now