Beve - 1

12.3K 537 7
                                    

Zawgyi version

အချစ်နဲ့တွေ့လျှင် တကိုယ်လုံးရှိ ဆဲလ်တွေထကြွကာ လူကို ကြည်နူးမှုဟူသည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်တဲ့

ဒါဆို ကိုယ်ပိုင်ဆိုင်တဲ့အချစ်က ကိုယ့်ကိုမလိုအပ်တော့ဘဲ တခြားအချစ်တခုကို လိုလားတဲ့အချိန်ကျရင်ရော?? ဘယ်လိုခံစားရမလဲ?

တကိုယ်လုံး သွေးတွေ ပွက်ပွက်ဆူကာ ဘယ်အရာမှ စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိတော့သလို ဖြစ်သြားမလား? လောကကြီးက ဘယ်လို လည်ပတ်နေမှန်း မသိတော့ဘဲ ကိုယ့်ရဲ့အရာအားလုံး ပြိုကွဲသွားသလို ခံစားရမလား?

မျက်စိရှေ့တွင် တခြားတယောက်နဲ့ နမ်းရှုံ့နေသည့် ကျွန်တော့်ချစ်သူကို မြင်နေရတဲ့ ကျွန်တော့်အဖို့တော့ ဘယ်လိုခံစားချက်ကို ရှင်းပြရမယ်မသိ...

ဝရံတာမှ လေအေးအေး တချို့ဖြတ်တိုက်သွားသည့်တိုင် မလှုပ်မယှက် ငေးကြည့်နေမိသည်

မင်း နောက်တယောက် တွေ့နေပြီလား ဂျွန်ဂု?

ကျွန်တော်မြတ်နိုးရပါသော ယုန်သွားနှစ်ချောင်း ပေါ်သည့်တိုင် တခစ်ခစ် ရယ်မောနေသော ထိုသူ့အပြုံးကို မြင်ကာမှ မျက်ရည်ကျရကောင်းမှန်း ကျွန်တော် သဘောပေါက်ခဲ့သည်

နောက်ဆုံးတော့ ကျွန်တော့်အပိုင် ထင်မှတ်ခဲ့တဲ့ သူက တခြားတယောက်အပိုင်လည်း ဖြစ်နေပါရောလား...

အလွမ်းသယ်လို့ ပြီးသွားကြပြီ ထင်သည် အချင်းချင်း မလွှတ်ချင်လွှတ်ချင်နှင့် နှုတ်ဆက်ကာ အိမ်ပေါ်သို့ ဂျွန်ဂုပြေးတက်လာသည်ကို တွေ့မှ ထယ်ယောင်း အိမ်ထဲသို့ ခပ်သုတ်သုတ် ဝင်လိုက်သည်

၆ထပ်တိုက်တွင် သူတို့နှစ်ဦးပိုင်ဆိုင်သည့် အခန်းလေးက ခြောက်ထပ်မြောက်တွင် ရှိနေသည်မို့ ၅မိနစ်လောက်တော့ အနည်းဆုံး အချိန်ယူ၍ တက်ရသည် ထိုအချိန်တိုအတွင်း သန့်စင်ခန်းထဲ ပြေးဝင်လျက် ရေအေးအေးနှင့် မျက်နှာကို တဗြန်းဗြန်းပက်လိုက်သည်

မျက်လုံးထဲလည်း ရေတွေဝင်ကုန်သည်မို့ ငိုထားသဖြင့် မျက်လုံးနီနေမှန်း မသိသာတော့ပေ ထို့နောက် ဘေစင်ကို လက်ထောက်ကာ အားပြုလျက် မှန်ကိုစေ့စေ့ကြည့်လိုက်သည်

Beve Me ( Season1) Where stories live. Discover now