Zawgyi version
" ကျွန်တော့်ကို ခဏခွင့်ပြုပါဦး"
မျက်ရည်တို့ပင် မသိမ်းဆည်းနိုင်... ထိုင်နေရာမှ ထယ်ယောင်း ထထွက်လာခဲ့သည်။ အခုချိန် ဦးနှောက်ထဲ အကြောက်တရားတွေသာ လွှမ်းခြုံလို့ထားကာ ခြေလှမ်းတွေပင် ယိုင်တိယိုင်နဲ့...။
မျက်ရည်စတွေဟာ မြင်ကွင်းကို အနှောင့်အယှက် ပေးလာကာ နံရံအားမှီရင်း ကြမ်းပြင်ပေါ် ဒူးတုပ်ထိုင်ချ၍ ဘောင်းဘီအိတ်ကပ်ထဲမှ ဖုန်းကို ထုတ်လိုက်သည်။
လက်ချောင်းတွေကတော့ အလိုလို ဦးနှောက်ထဲ ပထမဦးဆုံး ပေါ်လာသောသူအား မျှော်လင့်ချက်ရောင်ခြည် အနေဖြင့် အားကိုးတကြီး ဖုန်းဆက်ခေါ်ဆိုမိရင်း...။
တဒူဒူ မြည်နေသော ဖုန်းသံအား နား နားကပ်ကာ ပါးစပ်မှလည်း တတွတ်တွတ်ရေရွတ်နေမိသည်။
ငါဘာလုပ်ရမလဲ ဂျွန်ဂု။
ငါ့ကိုကယ်ပါဦး... ငါအရမ်းကြောက်တယ်။
ငါမသေချင်သေးဘူး ဂျွန်ဂု။အခုအချိန်တွင် အကြားချင်ဆုံးသော အသံလေးအား ကြားခွင့်မပေးဘဲ အော်ပရေတာ မိန်းမကြီး၏ အသံပဲ တောက်လျှောက် ကြားနေရခြင်းဟာ ရင်ကို မီးနဲ့မြှိုက်ကာနေသည်။
ကျွန်တော် ဒီအတိုင်း လက်မလျှော့နိုင်... သူ ပြန်မဖြေမချင်း နောက်တကြိမ်ထပ်မံ ခေါ်နေဦးမည်။
ငါ့အတွက် မင်းက အလိုအပ်ဆုံးမို့လို့ပါ ဂျွန်ဂုရယ်။
" အဲ့ဒါ့ကြောင့် မပြေးနဲ့ ပြောတာ။ အခု ကျွန်တော့် အနောက်ကနေ ပြေးလိုက်လာတော့ ချော်လဲပြီး ဒဏ်ရာရပြီပေါ့"
" ငါက မင်းကိုစိုးရိမ်လို့ဟာ ဂျွန်ဂုကလည်း"
ထိုအခိုက်အတန့် ကျွန်တော့် နှလုံးခုန်သံ တခဏတောင် ရပ်တန့်သွားသလိုပင်။ ဒီလောက်ထိ ကြားချင်ခဲ့ပါသော အနှစ်သိမ့်ခံချင်ခဲ့ပါသော အသံလေးသည် ကျွန်တော့်အတွက် မဟုတ်... တခြားတယောက်အတွက် ဤနေရာ၌ ထွက်ပေါ်လို့လာသည်။
ဖုန်းကိုချကာ အသံလားရာသို့ ငေးကြည့်လိုက်သည်။ ခြေထောက်၌ ကျောက်ပတ်တီးစီးကာ ထော့နဲ့ထော့နဲ့ လျှောက်နေသော ကောင်လေးအား ဘေးနားမှ စိုးရိမ်သည့် မျက်နှာထားနှင့် အရိပ်တကြည့်ကြည့် ကြည့်နေသည်က ကျွန်တော်ပင် မနာလိုလောက်စရာ...။
YOU ARE READING
Beve Me ( Season1)
RandomBelieve - Lie = Beve Believe?? လိမ်ညာခြင်းဆိုတဲ့အရာ ပါဝင်နေတဲ့ ယုံကြည်မှုဟာ ကိုယ့်အတွက်တော့ သုံးစားမရဘူး So say Beve... မင်းနှုတ်ကပြောလိုက်တာနဲ့ ကိုယ့်ရဲ့အရာအားလုံးဟာ မင်းအပိုင်ပါ ကလေးရယ် @Taekook myanmar fic Fic cover by CalistaIda99