Beve - 9

3K 289 14
                                    

Zawgyi version

' ဒုန်း '

ကြမ်းပြင်ထက်သို့ စာအုပ်တွေ ပစ်ကျလာသည်။ ထယ်ယောင်းသည်တော့ စားပွဲခုံစောင်းကို အားပြုရင်း ဒူးထောက်လျက်သားဖြစ်နေသည်ကို မနည်းအားယူ မတ်တပ်ရပ်လျက်...

တဆစ်ဆစ် ကိုက်ခဲနေသည်မို့ နားထင်စပ်ကို လက်နှင့် အသာဖိရင်း ကြမ်းပြင်ပေါ်ရှိ စာအုပ်ပုံကို ငေးကြည့်လိုက်သည်။

လတ်တလော ခေါင်းခဏခဏကိုက်လာရာ တဖြေးဖြေးနှင့် နာကျင်မှုသည်လည်း ပို ပို တိုးလာသည်။ ဒုက္ခပါပဲ... စာအုပ်တွေရှုပ်လို့ ရှင်းပါတယ်ဆိုမှ အခုတော့ ပိုတောင် ရှုပ်ပွသွားသလိုပင်...။

ခါးကိုကိုင်းကာ စာအုပ်တွေ ကောက်ယူချိန်မှာတော့ လှေကားထစ်ထက် တဒုန်းဒုန်းနှင့် ပြေးတက်လာသံ ကြားလိုက်ရသည်။ စာအုပ်တွေပင် အာရုံမရတော့ပဲ အိမ်ရှေ့သို့ အပြေးတပိုင်း သွားရင်း တံခါးကို ဆွဲဖွင့်လိုက်ချိန် ထုံးစံအတိုင်း မောပန်းကာ အလုအယက် အသက်ရှူနေပုံရသော ဂျွန်ဂုပုံစံကြောင့် ထယ်ယောင်းမျက်နှာဟာ ပြုံးခနဲ...။

ဂျွန်ဂု ခေါင်းမမော့လာခင် မျက်နှာကို ပြန်တည်၍ ခပ်မာမာ လေသံနှင့် ဆုံးမရန်ဟန်ပြင်လိုက်သည်။

" ဂျောင်ဂျွန်ဂု...အသံတွေ ဆူညံအောင်လုပ်ပြီး ပြေးတက်လာစရာလား? အောက်ကလူတွေကို အားနာဖို့ကောင်းတယ်လေ။ နောက်ဒီလို မပြေးရဘူး ကြားလား?"

" ဟော..ဘယ်သူ့ကြောင့် ဒီလိုပြေးလာရတယ် ထင်လို့လဲ? ကျွန်တော် ရောက်မလာရင် ဟျောင်းန် ထမင်းမစားသေးပဲ စောင့်နေမှာ စိတ်ပူလို့ပေါ့"

" ဘယ်သူက မင်းကို စောင့်တယ် ပြောလဲ? ငါ့ဟာငါ မဆာလို့ စားသေးတာ။"

ဟုတ်ပါပြီ~ ဟုတ်ပါပြီဟူသော ပုံစံနှင့် ရယ်မောရင်း ကျွန်တော့်ဆီ လျှောက်လာသော သူသည် ကျွန်တော့်ဘေးမှ ဖြတ်လျှောက်သွားသော် ဖက်ထုပ်နံ့သင်းသင်းလေးပင် ရှူရှိုက်မိလိုက်သည်။

ကျောင်းတဖက်နှင့် အလုပ်တဖက် ညီမျှအောင် ကြိုးစားလုပ်ကိုင်နေရသော ကောင်လေးပုံစံကြောင့် ထယ်ယောင်း ဂုဏ်ယူမိသော်ငြား တဖက်တွင်တော့ ဆက်မလုပ်တော့ရန် တားပစ်လိုက်ချင်မိသည်။

Beve Me ( Season1) Donde viven las historias. Descúbrelo ahora