Beve - 11

2.8K 309 18
                                    

Zawgyi Version

မိုးဖွားတို့က တဖြောက်ဖြောက် ရွာကျကာ ညအချိန်ဟာ တဖြေးဖြေး နက်မှောင် လာလျက်ရှိသော်လည်း မြို့ပြ၏မီးရောင်များက နေ့ပမာ အပြိုင်အဆိုင် ထွန်းလင်းတောက်ပနေဆဲ။

နေ့လည်ထဲမှစ အသက်ပင်မရှူနိုင် ချွေးတလုံးလုံးနှင့် မီးဖိုချောင်အား ကူးချည်သန်းချည် ပြုလုပ်နေရသော ထယ်ယောင်းအဖို့ ယခုမှပင် အနားယူချိန် ရတော့သည်။ ဆန်းဒဝေ့ခ်ျနှင့် ရေသန့်ဘူးလေးအား ကိုင်ရင်း ဆိုင်နောက်ဖေး အမိုးအောက်၌ ထွက်ထိုင်ကာ နံရံသို့ ခေါင်းမှီ၍ မျက်လုံးတို့အား မှိတ်စက် အနားယူစေသည်။

ထို့နောက် ဆေးပုံမှန် သောက်ရမည့်အထဲ နေ့လည်ဆေးအား ကျော်မိသွားသည်ကို စဉ်းစားမိတော့ နှုတ်ခမ်းတွေဟာ ပြုံးမိလျက်သား။

ဟိုဆော့ ဟျောင်းန်သာ အနားမှာရှိရင် ဆူတော့မှာပဲ။

ဆန်းဒဝေ့ခ်ျအထုပ်အား ဖောက်လိုက်ပြီး နှစ်ကိုက်လောက် ကိုက်ပြီးသည်နှင့် ညဆေးအား ထုတ်ဖောက်၍ ရေနှင့် အစာအိမ်ထဲသို့ မျှောချလိုက်သည်။

ငါလည်း မင်းကို သေချာဂရုစိုက်ချင်တာပေါ့ ကင်မ်ထယ်ယောင်းရယ်။ ဒါပေမဲ့ အခြေအနေက မပေးသေးတာ မင်းနားလည်မယ်မလား??

အစားစားချင်စိတ် မရှိတော့သည်ကြောင့် ဆန်းဒဝေ့ခ်ျအား ဘေးဘောင်သို့တင်ရင်း မိုးတဖြိုက်ဖြိုက် ရွာသွန်းကာ မဲအုံ့နေသော ကောင်းကင်ကြီးထံ တမေ့တမော မော့ကြည့်လိုက်သည်။

" အာဟာရ ဖြစ်မယ့် မုန့်တောင် ပစ်ထားပြီး ကောင်းကင်ကို ငေးနေရတဲ့အထိ ကောင်းကင်ကြီးက လှနေတယ်လား?"

မထင်မှတ်ထားသည်မို့ ဘေးသို့ ငဲ့ကြည့်လိုက်သော် မိုးရေစက်တွေကြားထဲမှ ထီးအမည်းလေး အုံ့မိုးထားကာ Hoodieအနက်နှင့် ခေါင်းစွပ် စွပ်ထားသော ကောင်လေးတယောက်...။

ထိုကောင်လေးရဲ့ ထွက်ပေါ်လာမှုက ယခုအခြေအနေနဲ့ ဘယ်လောက်တောင် လိုက်ဖက်ညီလိုက်သလဲ။ နောက်ပြီး ဘယ်လောက်တောင် စတိုင်လ်ကျလိုက်သလဲ။

" ဂျွန်ဂု.. ဒီကိုဘာလာလုပ်တာလဲ?"

" ၉နာရီကျော်တာတောင် အိမ်ပြန်မလာသေးလို့လေ။ ဟျောင်းန် ဘယ်အချိန်ကစပြီး ညဆိုင်းစဆင်းတာလဲ?"

Beve Me ( Season1) Where stories live. Discover now