*6*

4K 287 5
                                    

' မျှော်လင့်ချက်မရှိတော့ဘူးဆိုရင်တောင်နင့်ရဲ့အမုန်းကိုပဲနာကျင်စွာတောင်းတပါရစေအဲ့ဒါငါ့အတ္တပဲ´

''ဒေါက်! သမီးအမေဝင်လာမယ်နော်''
ပိုင်ချင်းသမီးရဲ့အခန်းထဲဝင်လာတော့ကုတင်ပေါ်တွင်ထိုင်ကာငိုနေသောသမီးကိုတွေ့လိုက်ရသည်။ပိုင်ချင်းသမီးကိုလှမ်းဖက်ထားလိုက်ရင်း
''ဝမ်းနည်းမနေပါနဲ့သမီးရယ်သမီးရိပေါ်ကိုပိုင်ဆိုင်ချင်တယ်မလား''

ယဲ့ဝေခေါင်းငြိမ့်ပြလိုက်သည်။

''အမေ့ကိုယုံလိုက်သမီးရဲ့ရိပေါ်ကိုသမီးပဲပိုင်ဆိုင်ရအောင်အမေလုပ်ပေးမယ်''
ယဲ့ဝေအမေ့ကိုမယုံနိုင်သောမျက်ဝန်းများနှင့်ပြန်ကြည့်လိုက်မိသည်။

''ချစ်တဲ့သူကိုရအောင်ယူနိုင်ဖို့ပဲအရေးကြီးတယ်သမီးခုလိုမှိုင်မနေနဲ့ဟုတ်ပြီလား''
ယဲ့ဝေဆုံးဖြတ်လိုက်သည်။ဟုတ်တယ်ချစ်တဲ့သူကိုစွန့်လွတ်ရလောက်အောင်ငါအဲ့လောက်သဘောထားမကြီးသေးဘူးရိပေါ်။နင့်ကိုငါချစ်တယ်။နင့်နှလုံးသားကိုတစ်ခြားသူဆီမှာထားလဲငါရအောင်လုယူပြမယ်။သေချာတာတစ်ခုကငါ့အတ္တကဝမ်ရိပေါ်ဆိုတဲ့ရယူခြင်းအတ္တပါဟာ။


ရှောင်းကျန့်အိမ်သို့ရောက်တာနဲ့အနားယူပါရစေသောအကြောင်းပြချက်ဖြင့်အခန်းထဲသာဝင်ခဲ့သည်။စာကြည့်စားပွဲပေါ်မှာရှိတဲ့စာအုပ်တွေကိုရှောင်းကျန့်တစ်ချက်ကြည့်လိုက်သည်။သူဒီနေ့အထိဖက်ခဲ့တဲ့စာအုပ်တွေကဦးနှောက်ကိုအသားပေးတဲ့စာအုပ်တွေသာ။နှလုံးသားရေးရာဆိုတာသူနဲ့လုံးဝမသက်ဆိုင်။
ကုတင်ခြေရင်းတွင်ထိုင်လိုက်ရင်းနားထဲကြားယောင်လာတာဝမ်ရိပေါ်ပြောခဲ့တဲ့စကားများသာ။လက်ဖဝါးနှစ်ဖက်ဆီမှနွေးထွေးမူဟာရှောင်းကျန့်ရင်ခွင်ငယ်ကိုမငြိမ်မသက်ဖြစ်စေသည်။ဝဲဘက်ရင်အုံမှတစ်ဒုတ်ဒုတ်ဆိုသောသံစဉ်လေးကရှောင်းကျန့်ကိုထခုန်မိမတက်လန့်စေသည်။

ရင်ဘက်ကိုလက်နဲ့ဖိရင်း

''နေပါဦးငါအခုဘာဖြစ်နေတာလဲဘာလို့ဒီလောက်တောင်ရင်တုန်နေတာလဲငါသရဲကားကြည့်ရင်တောင်ဒီလောက်ရင်မတုန်ပါဘူး''
''သားလေးတစ်ယောက်တည်းဘာတွေပြောနေတာလဲရေချိုးတော့ပြီးရင်ထမင်းစားဖို့ဆင်းလာခဲ့နော်
ရှောင်းကျန့်မားကိုရှက်ရယ်ရယ်ပြလိုက်ရင်းရေချိုးခန်းထဲသို့ပြေးဝင်ခဲ့၏။
ထမင်းစားခန်းထဲမှာပါးရောမားပါစောင့်နေကြသည်။

သူသာမြတ်နိုးရာ(Complete) သူသာမြတ်နိုးရာ(Complete) Where stories live. Discover now