*34*

2.8K 204 4
                                    

'တစ်ချို့ချစ်ခြင်းတွေကထုတ်ပြစရာမလိုခဲ့ပါဘူးနှလုံးသားကိုသော့ခတ်ထားမှတော့ချစ်ခြင်းတွေဖွင့်ပြစရာမလိုတော့ပါဘူးသူပျော်မယ်ဆိုသော့ဖျောက်ပစ်လဲရပါတယ်´

ပိုင်ယဲ့ဝေမီးလောင်ပြီးသေဆုံးတဲ့သတင်းကြားတော့ရှောင်းကျန့်စိတ်ထဲမကောင်း။သူကိုယ့်အပေါ်မကောင်းမှန်းသိပေမယ့်ဒါဟာအချစ်ကြောင့်အဆိပ်သင့်ခဲ့ကြတာမလား။အပြစ်မတင်နိုင်ခဲ့ပါလေ။နောင်ဘဝမှမင်းကိုချစ်ပေးနိုင်တဲ့သူရှာတွေ့ပါစေပိုင်ယဲ့ဝေ။

"ဘာတွေ စဉ်းစားနေတာ လဲ "
ပြတင်းပေါက် နားမှာအတွေးလွန်နေတုန်းခါးကိုသိမ်းဖက်ပြီးမေးလိုက်တဲ့သူကြောင့်ရှောင်းကျန့်လန့်သွားသည်။

"ဘာမှမဟုတ်ဘူး ဒါနဲ့ပါးတို့ဆီကဘာသတင်းကြားသေးလဲ"
ပါးနဲ့Wang!အဖေကကျွန်တော့်ကိုWang!လက်ထဲအပ်ပြီးနိုင်ငံတကာအလည်အပတ်ထွက်သွားလေရဲ။အဖေနှစ်ယောက်စိတ်ချမ်းသာနေရင်ရှောင်းကျန့်ရင်အေးရပါပြီ။ပြသာနာအားလုံးလဲရှင်းပြီမို့အရာအားလုံးလဲအေးအေးချမ်းချမ်းရှိနေပြီမလား။

"သူတို့အဆင်ပြေတယ်တဲ့မင်းသာကိုယ့်ကိုအများကြီးချစ်ပေးတဲ့အဖေတို့ကမှာလိုက်တယ်"
"လူလည်ကြီး တစ်နေ့တစ်နေ့ဒီကိစ္စပဲတွေးနေတယ်"
"အဲ့တာချစ်လွန်းလို့လေကွာTulipရဲ့ပြောပါဦးမင်းကရောဘာလို့အဲ့လောက်ချစ်ဖို့ကောင်းနေတာလဲ"

မိမိကို ကလေးကလားကပ်ချွဲနေတဲ့လူကြီးကိုရှောင်းကျန့်မျက်စောင်းလေးအသာရွယ်သည်။

"ဒီနေ့ရှီးဝေဆီသွားမယ်လို့ပြောထားတယ်လေWang!ယွီလန် ဆီဖုန်းဆက်ပေးပါဦး"
"အင်း...ဖုန်းဆက်ခလေးပေးပါဦး"

နှုတ်ခမ်းကြီးစူကာတောင်းနေတဲ့သူကြောင့်ရှောင်းကျန့်မပြုံးပဲမနေနိုင်။
"မွစ်!...ရပြီလား "
ရှောင်းကျန့်စူထော်နေတဲ့နှုတ်ခမ်းလေးကိုခဏဖိကပ်ပြီးအနမ်းပေးလိုက်သည်။Wang!ဟာလေအချိန်ပြည့်အသားယူဖို့စဉ်းစားနေတာပဲ။

"ရပြီ..ရပြီအဆင်သင့်ပြင်ထားနော်ပြီးရင်ဟိုနှစ်ယောက်ကိုခေါ်ပြီးသွားမယ်"

ပြုံးရွှင်နေတဲ့ချစ်ရသူရဲ့မျက်နှာကိုမြင်ရတာရှောင်းကျန့်အတွက်ဘာမှမလိုတော့အောင်အေးချမ်းလှပခြင်းတစ်မျိုးပင်။

သူသာမြတ်နိုးရာ(Complete) သူသာမြတ်နိုးရာ(Complete) Donde viven las historias. Descúbrelo ahora