မနက်မိုးလင်း မျက်လုံးနှစ်လုံးစပွင့်တည်းက
ပြဿနာပေါင်းစုံတက်ထားတာမို့
ဆူးခတ်နွယ်၏စိတ်တို့ မကြည်လင်နိုင်။မနက်၃နာရီလောက်ထဲက ထလာရသည်မို့
မျက်လုံးတွေလည်းကြိမ်းပြီး စပ်နေသည်။
မျက်စိစပ်တာ သက်သာအောင် မျက်နှာသစ်ရန် သန့်စင်ခန်းသို့ ဦးတည်လိုက်သည်။လမ်းတစ်ဝက်၌ ခပ်ပြုံးပြုံးမျက်နှာနှင့်
လျှောက်လှမ်းလာသော ခရစ္စတီးနားကို
တွေ့လိုက်ရသည်။မမြင်ချင်တဲ့မျက်နှာကိုမှ လာလာတွေ့နေရတယ်။ စိတ်ကညစ်နေပါတယ်ဆိုနေ။
ဘာတွေလာပြောဦးမလဲမသိဘူး။ဆူးခတ်နွယ် ခပ်သွက်သွက်လျှောက်လာပြီး
သူမရဲ့အနားကိုရောက်တဲ့အခါ'ဆူး...ဘာလို့ မနေ့ညက အစောကြီးပြန်သွားတာလဲဟင်???´
နားအနားကို ကပ်ကာ တိုးတိုးလေးပြောသည့် ခရစ္စတီးနားကို ဆူးခတ်နွယ်
မျက်လုံးထောင့်မှ ကြည့်မိတော့...ဟင်..မင်းပြုံးနေတယ်..
မင်းကဘာကိုပြုံးနေတာလဲ
မင်းဘာတွေ...မဟုတ်မှလွဲရော...
ခန့်သူရ နဲ့ကိစ္စကိုများ..မင်းသိနေ...
မဖြစ်နိုင်တာပဲ..ရှုပ်တယ်...'ဟုတ်တယ် ခရစ္စ...ကိုယ်အဲ့နေ့ညက
သိပ်ပြီးနေလို့မကောင်းလို့ပြန်သွားလိုက်တာ..
ဘာဖြစ်လို့လဲ???´'အာ...ဘာမှမဖြစ်ဘူး..ကိုယ်က ဒီအတိုင်း
မင်းကိုမတွေ့မိလို့ပါ...´ဆူးခတ်နွယ်ခေါင်းတစ်ချက်သာညှိမ်ပြပြီး
ထွက်လာခဲ့လိုက်သည်။သန့်စင်ခန်းထဲရောက်တော့
မျက်နှာအရင်သစ်လိုက်သည်။
ရေစိုနေတဲ့ မျက်နှာကို တစ်ရှူးနဲ့သုတ်နေရင်း
မနေ့ညက ပြတ်တောက်သွားခဲ့တဲ့ ဆံပင်တို့ဆီ
အကြည့်ကရောက်မိပြန်သည်။နှမြောလိုက်တာ ငါ့ဆံပင်လေးတွေ
တောက်..အဲ့ဒါ..ဟိုဇီးကွက်မကြောင့်...
စိတ်ထဲ၌ကြုံးဝါးနေလိုက်သည်။
YOU ARE READING
On Your Side
Romanceတစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြပေမယ့် အချင်းချင်းဒဏ်ရာတွေပဲပေးနေမိတော့ အချစ်တွေကိုဆက်ထိန်းထားနိုင်ပါ့မလား... ပတ်ဝန်းကျင်ရဲ့ရှုတ်ချမှုတွေကိုရော သူတို့နှစ်ဦး ရင်ဆိုင်နိုင်ပါ့မလား... ချစ်ရတဲ့သူနဲ့ ဂုဏ်ပကာသနတွေ ဘယ်အရာကိ...